Wednesday, April 03, 2013

လိင်မိစ္ဆာကောင် ရမ်ဘိုဘင်တုန်အား ထောင်ဒဏ် ၁၁၅ နှစ်အပြင် ၁၈ နှစ် ထပ်တိုး ချမှတ်

Posted by drmyochit Wednesday, April 03, 2013, under | No comments






မတ်လ ၂၁ ရက်၊ ရာအုဘ်(Raub) မလေးရှား
နာမည်ပြောင် “ရန်ဘိုဘန်တုန်” ဟု ခေါ်တွင်သည့် လိင်မိစ္ဆာကောင်အား မုဒိမ်းမှုနှင့် လူသတ်မှု တို့ဖြင့် ပြစ်ဒဏ် ၁၁၅ နှစ် ချမှတ် ခံရသည့် အပြင် ရဲတစ်ဦးအား သတ်ရန် ကြိုးပမ်းမှုကြောင့် နောက်ထပ် ၁၈ နှစ် ကျခံရန် ပြစ်ဒဏ် ချမှတ် ခံရသည်။ ရှည်လျားသော ပြစ်ဒဏ် ချမှတ် ခံရသူ အသက် ၄၂ နှစ်အရွယ် ရာဘီဒင်း ဆာတီးရ်ကို တရားသူကြီး ရှရီဇတ် အစ္စမေးလ်က နောက်ထပ် ထောင်ဒဏ် ချမှတ် ခဲ့သည်။ ပြစ်ဒဏ် ကြားနာစဉ် တွင် ဆာဘား(Sabah)၊ တမ်ဘူနန်(Tambunan)နယ်သား ရာဘီဒင်းသည် လက် ထပ်နှင့် ခေါင်း ငိုက်စိုက်ကာ မတုန်မလှုပ် နားထောင်ခဲ့သည်။ “စွပ်စွဲတဲ့သူက သက်ညှာမှု လျှောက် ထားပေမယ့် တရားရုံး အနေနဲ့ တခြားသူတွေ သင်ခန်းစာ ယူနိုင်အောင်ရယ်၊ တခြားသူတွေကို တားမြစ် ရာလည်း ရောက်အောင် ကြီးလေးတဲ့ အပြစ်ပေးဖို့ ဆုံးဖြတ် ထားတယ်။ ” ဟု တရားသူကြီး ရာဘီဒင်းကို ပြော သည်။ လွန်ခဲ့သည့် နှစ် နိုဝင်ဘာ ၁၄ ရက်၊ ညနေ ၆ နာရီ အချိန်တွင် ဘင်တုန်၊ တမန်ရှဘန်ဒါ ဟူစိန်(Tamam Shahbandar Hussein)၊ အမှတ် ၄၃ ရှိ နေအိမ် တစ်အိမ်တွင် ရာဘီဒင်းသည် ပြစ်မှု ကျူး လွန် ခဲ့သည်။ ပုံမှန်မဟုတ်သော လိင်ဆက်ဆံ မှုနှင့် မုဒိမ်းမှု ၄ မှု ကျူးလွန်သဖြင့် ရာဘီဒင်းသည် ကြိမ်ဒဏ် အချက် ၅၀၊ ထောင်ဒဏ် ၁၁၅ နှစ် ကျခံစေရန် ဖေဖော်ဝါရီလ ၅ ရက်တွင် ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ၂၀၀၉ ခုနှစ်၊ မတ်လ ၇ ရက်၊ နံနက် ၁၁ နာရီခွဲနှင့် မတ်လ ၈ ရက် မွန်းလွဲ ၁ နာရီ၊ မိနစ် ၅၀ အကြားတွင် ဘင်တုန်၊ ကမ်ပုန်ကီတာရီ(Kampung Ketari)၊ အမှတ် ၄၁၆၈ ရှိ နေအိမ် တစ်အိမ်မှ အသက် ၁၇ နှစ် အရွယ် မိန်းကလေး တစ်ဦးအား မုဒိမ်းကျင့်ကာ သတ်ဖြတ်မှုဖြင့် စွပ်စွဲ ခံရသူသည် သေဒဏ် ရင်ဆိုင် ရသည်။ အမှုကို တီမယ်လို့ ထက်တရားရုံး (Temerloh High Court)သို့ လွဲပြောင်း ခဲ့ကြသည်။ ရာဘီဒင်း သည် သားကောင်များကို ချဉ်းကပ်ရာတွင် ရမ်ဘို ဓား အသုံးပြု တတ်သောကြောင့် အမည်ပြောင် ပေးထား ကြသည်။ ဘင်တုန်၊ တမန်ရှဘန်ဒါဟူစိန်ရှိ အိမ်များမှ တဆင့် အဝေးကြည့် မှန်ပြောင်းဖြင့် ရဲသား ၃ ဦးက တာဝန်ယူ စောင့်ကြည့်ခဲ့ပြီးနောက် ယမန်နှစ် နိုဝင်ဘာလတွင် ချောက်ချားဖွယ်ရာသူ၏ လှုပ်ရှားမှုမှာ ဆုံးခန်း တိုင် ခဲ့သည်။ ရဲများက ဖမ်းဆိးရန် ကြိုးပမ်းသည့်အခါ ရာဘီဒင်း၏ ရမ်ဘို ဓားဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ မှုကြောင့် ရဲသား တစ်ဦးတွင် ၀မ်းဗိုက်တွင် ခက်နက်နက် ဟပ်တက် ဒစ်ရာရကာ  ဆေးရုံ တင်လိုက်ရသည်။ ထို့ကြောင့် ယင်းအား အမှုများ စွဲချက် များစွာဖြင့် တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Myanmar Daily News မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်