ကိုးရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပြင်းထန်နေတုန်း မြောက်ကိုးရီးယားအစိုးရက လွန်ခဲ့ တဲ့ ၅ နှစ်က ပိတ်ချခဲ့တဲ့ နျူးကလီးယား ဓာတ်ပေါင်းဖိုတွေကို ပြန်လည် စတင် အသုံးပြု တော့ မယ်လို့ပြောလိုက်တဲ့ အတွက် တင်း မာမှုတွေဟာ အထွတ် အထိပ် ရောက် ရှိနေပြီး စစ်ဖြစ်ပွားနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ပြန်လည် စတင်မယ့် နျူးကလီးယား စက်ရုံတွေထဲမှာ Yongbyong နျူးကလီးယား ဓာတ်ပေါင်းဖို လည်းပါ ဝင်ပြီး Yongbyong စက်ရုံဟာ နျူကလီးယား လက်နက်တွေ အသင့် အသုံးပြုနိုင်ဖို့ အတွက် ပလူတိုနီယံ တွေကို ထုတ်လုပ်ပေးနိုင်တဲ့ စက်ရုံ ဖြစ်ပါတယ်။
ပြန်လည် စတင် အသုံးပြုမယ့် နျူကလီးယား စက်ရုံတွေကို လျှပ်စစ်မီးနဲ့ စစ်ရေးတွေအတွက် အသုံးပြု မယ်လို့ မြောက် ကိုးရီးယား အစိုးရက ပြောပါတယ်။
မြောက်ကိုးရီးယားနိုင်ငံက နျူကလီးယားစက်ရုံတွေ ပြန်အသုံးပြုတော့မယ်ဆိုတာ သိရတဲ့အတွက် တရုတ်နိုင် ငံက စိတ်မကောင်းဘူးလို့ တရုတ် အစိုးရက ပြောပါတယ်။
တင်း မာမှုမှာ ပါဝင်တဲ့နိုင်ငံတွေကြား ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းပြီး ထိန်းချုပ်မှုတွေ ရှိကြဖို့လည်း တိုက် တွန်း လိုက်ပါတယ်။
အမေရိကန်နိုင်ငံကလည်း မြောက်ကိုးရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကြောင့် မြောက် ကိုးရီး ယားနိုင်ငံ ကနေ ဒုံးကျဉ်တွေနဲ့ တိုက်ခိုက်လာရင် ဒုံးကျဉ်တွေကို ပြန်လည်ပစ်ခတ်ဖို့အတွက် စစ်သင်္ဘောတွေ အ သင့်ပြင် ဆင်ထားပြီးဖြစ်ပါတယ်။
အမေရိကန်ရဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံနဲ့အတူ ရှိပါတယ်ဆိုတာကို ပြသတဲ့ အနေ နဲ့ အမေရိကန်နိုင်ငံက ခုလို အသင့်ပြင်ထားတာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
မြောက် ကိုးရီးယားနိုင်ငံကနေ နျူကလီးယားစက်ရုံတွေ ပြန်လည်အသုံးပြုမယ်ဆိုတာဟာ နိုင်ငံတကာကို မထီလေး စားပြုရာ ရောက်တယ်လို့ပြောလိုက်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ ကိုးရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပြင်းထန်နေ တဲ့အ တွက် စစ်ဖြစ်နိုင်တယ်လို့ ပြောလိုက်ပါတယ်။
ခုဖြစ်နေတဲ့ တင်းမာမှုတွေဟာ လိုအပ်တာထက် ပိုလွန်းနေပြီလို့ ဘန်ကီမွန်းကပြောလိုက်ပြီး နျူကလီး ယားခြိမ်းခြောက် မှုကို ကစားစရာတစ်ခုလို အနိုင်ယူစရာတစ်ခုလို မထုတ်သုံးသင့်ဘူးလို့ ပြောပါတယ်။
မြောက် ကိုးရီး ယားရဲ့ ခြိမ်းခြောက် မှုတွေ အပေါ် တုန့်ပြန်မှုတွေ လုပ်ကြမယ်ဆိုရင် ပြဿနာ ပိုကြီး လာနိုင်ပြီး မငြိမ် မသက် မှုတွေ ပိုဖြစ်စေမှာ ဖြစ်တယ် လို့ ပြော ပါတယ်။ ဘန်ကီမွန်းဟာ တောင် ကိုးရီးယားနိုင်ငံ သားဖြစ်ပြီး တောင်ကိုးရီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန် ထမ်းဆောင် ဖူးသူ ဖြစ်ပါတယ်။
From: ABC Radio Australia
0 comments:
Post a Comment