Wednesday, April 03, 2013

KIA တပ်ဖွဲ့များအုပ်စုလိုက် အစိုးရတပ်နှင့် ပူးပေါင်းခဲ့ကြောင်း ဦးဇောင်းဟရား ၀န်ခံပြောဆို

Posted by drmyochit Wednesday, April 03, 2013, under | No comments



ဧပြီလ ၃ ရက် ၂၀၁၃

အစိုး ရနှင့် KIA တို့ တိုက်ပွဲဖြစ်ပွားစဉ်အချိန်အတွင်း KIA တပ်ဖွဲ့ အ၀င်များအနေဖြင့် အစိုးရတပ်သို့ အုပ်စု လိုက် ပူးပေါင်း ခဲ့ကြောင်း KIO/KIC ဥက္ကဌ ဦးဇောင်း ဟရားက မတ်လ ၂၇ ရက်နေ့က ဗဟိုဌာ န ချုပ် ရှိရာ လိုင်ဇာမြို့ရှိ ဝေကြိုင်အထက် တန်း ကျောင်း တွင် ပြုလုပ်သော ကျေးဇူး ဆပ် ဂုဏ်ပြု ပွဲနှင့် အောက်မေ့ သတိရ ပွဲ တွင် ၀န်ခံပြောဆိုသွားကြောင်း သိရှိရပါ သည်။

KIO/KIC ဥက္ကဌ ဦးဇောင်းဟရာက KIA တပ်ဖွဲ့ဝင်များအနေဖြင့် အစိုးတပ်နှင့် တိုက်ပွဲဖြစ်ပွားစဉ်ကာလ အတွင်း မိမိတို့၏ စခန်းနှင့် အခြားရဲဘော်များကို စွန့်ခွာပြီးထွက်ပြေး ကာ အစိုးရတပ်နှင့် ပူးပေါင်း ခဲ့ကြကြောင်း၊ အစုအဖွဲ့လိုက် စွန့်ခွာမှုများ ရှိကြောင်းပြောကြားခဲ့ပါသည်။ အဲဒီလို ထွက်ပြေးပြီး အစိုးရ တပ်များသို့ မိမိတို့ လုပ်ငန်းများကို ပြောဆိုခဲ့မှုများကြောင့် မိမိတို့ရဲ့ လုပ်ငန်းကြီးများ ဖျက်သိမ်း လိုက်ရ သည် အထိ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၀န်ခံပြောဆိုခဲ့သည်ဟု ထိုပွဲသို့ တက်ရောက်သည့် လိုင်ဇာမြို့ခံတစ်ဦးမှ ပြောဆိုခဲ့ပါသည်။

“ ဦးဇောင်းဟရား ပြောခဲ့တဲ့ လုပ်ငန်းကြီးတွေဆိုတာ ဘာကိုပြောလဲဆိုတာတော့မသိဘူးကွာ၊ ငါတို့ကို သူတို့က တက်ခိုင်း လို့တာ ဒီပွဲကိုလာတက်ရတာ၊ မတက်ရင်လဲသိတယ်မဟုတ်လား သူတို့ရဲ့ဥပဒေက သေနတ် မှာဘဲရှိတာလေ၊ ငါတို့က အေးအေးဆေးဘဲနေချင်ကြတယ်။ ဒီမှာရှိတဲ့ ဗမာရော၊ ရှမ်းရော၊ ကချင်ရော အားလုံး အတူတူ ပါဘဲ။ သူတို့က အတင်း အမိန့်ပေးပြီး တိုက်ခိုင်းလို့ သေရတဲ့ ငါတို့လူမျိုးတွေကို သူရဲကောင်းလိုလို ဘာလိုလိုပြောနေတာ ရှက်လိုက်တာဗျာ” ဟု ၎င်းက ပြောခဲ့ပါသည်။

ကျဆုံးသွားသော KIO/KIA တပ်ဖွဲ့ဝင်များအား ကျေးဇူးဆပ်ပွဲ ဂုဏ်ပြု ပွဲနှင့် အောက်မေ့သတိရပွဲသို့ KIO/KIC ဥက္ကဌ ဦးဇောင်းဟရာ၊ KIA ဒုဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ KIA တပ်ရင်းမှူးများ၊ ကော်မတီ ၀င် များနှင့် ဒုက္ခသည်များ၊ လိုင်ဇာ မြို့ခံများတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ ၎င်းပွဲတွင် ဦးဇောင်း ဟရားမှ စကားပြောဆိုပြီး၊ ကျဆုံးသွားသော KIA တပ်ဖွဲ့ဝင်များအား အောက်မေ့ဆုတောင်းခြင်းကို ပြုလုပ် ခဲ့ကြကြောင်း သိရှိရပါသည်။

Kachin Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်