Friday, April 12, 2013

အစိုးရအဖွဲ့နှင့် ကေအန်ယူအဖွဲ့တို့ မေလအတွင်း တရားဝင် တွေ့ဆုံဆွေးနွေးမည်

Posted by drmyochit Friday, April 12, 2013, under | No comments



အစိုးရအဖွဲ့နှင့် ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) အဖွဲ့တို့ မေလအတွင်း တရားဝင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိ သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင် သော အဖွဲ့နှင့် ကေအန်ယူ ခေါင်းဆောင် များသည် မတ်လ ၂၈ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင် ခန်းမတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

Myanmar Peace Center မှ ဦးအောင်နိုင်ဦးက'' ကေအန်ယူ ခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ ဘားအံမှာ ဆွေးနွေးခဲ့ပါတယ်။ ကရင်အမျိုးသားတွေ တွေ့ဆုံမှု မတိုင်ခင်တစ်ရက်က တွေ့ဆုံဆွေးနွေး ခဲ့တာပါ။ အဓိက ကတော့ ရှေ့ဆက်သွားကြမယ့် ကိစ္စတွေရယ် ကေအန်ယူနဲ့ အစိုးရအဖွဲ့ တရားဝင်တွေ့ ဆုံမှုတွေ ပြုလုပ်ဖို့ ကိစ္စတွေကို အလွတ်သဘော ပြောကြတာပါ''ဟု ဧပြီလ ၁၁ ရက်က Eleven Media Group သို့ ပြောကြားခဲ့သည်။

''မေလထဲမှာ တရားဝင် တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်နိုင်ပါတယ်။အခြေအနေက အစိုးရရော တပ်တွေရော ကေအန်ယူ ဘက်ကရော အခြားကရင် လက်နက်ကိုင် အဖွဲ့တွေရော ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသလို တစ်ဖက်နဲ့ တစ်ဖက် တိုက်ရိုက် ဆက်သွယ်မှုတွေ ရှိပါတယ်။ပြဿနာဆိုတာလည်း ဘာမှမမြင်ဘူး။ နိုင် ငံရေး ဆွေးနွေးပွဲတွေမှာတော့ ဘယ်လို လာမလဲ ဆိုတာကတော့ ကျွန်တော်လည်း မပြောနိုင်ဘူး။ငြိမ်း ချမ်းရေး ဆွေးနွေးပွဲတွေဆိုတာ အခက်အခဲတွေ ရှိပါတယ်'' ဟု ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြား သည်။ 

အစိုးရနှင့် ကေအန်ယူအဖွဲ့တို့သည် ၂၀၁၂ခုနှစ် ဇန်န၀ါရီလအတွင်းက အပစ်အခတ်ရပ်စဲရေး သဘောတူ ညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး အပစ်အခတ်ရပ်စဲပြီး တစ်နှစ်ကျော်အကြာအထိ နှစ်ဖက် သဘောတူညီ ထားသည့် အချက်များ အပြည့်အ၀ အကောင်အထည်ဖော်နိုင်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ထပ်မံတွေ့ ဆုံေ ဆွးနွေးမှုများ ပြုလုပ်ရန် ကေအန်ယူအဖွဲ့မှ လိုလားလျက်ရှိကြောင်း သိရသည်။ 

မူလကတပ်မတော်ခေါင်းဆောင်များနှင့် ကေအန်ယူအဖွဲ့ ခေါင်းဆောင်များအကြား နှစ်ဖက်တပ်များ နေရာ ချ ထားရေးနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် အတွင်း တွေ့ ဆုံဆွေးနွေးမှုများ ပြုလုပ်ထားရန် စီစဉ်မှုများ ရှိခဲ့သော် လည်း ဆွေးနွေးနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။ 

ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ဦးဆောင်သော KNU ခေါင်းဆောင်များသည် ဇန်န၀ါရီလ အစောပိုင်းက နိုင် ငံတော် သမ္မတ၏ ဖိတ်ကြားမှုဖြင့် နေပြည်ေ တ်ာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။




From:opposite eyes

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်