Friday, April 12, 2013

ရေအားလျှပ်စစ် စက်ရုံငယ် ၈ဝ အမှောင်ထွန်းဒေသ အချို့တွင် တည်မည် ရေအားလျှပ်စစ် စက်ရုံငယ် ၈ဝ အမှောင်ထွန်းဒေသ အချို့တွင် တည်မည်

Posted by drmyochit Friday, April 12, 2013, under | No comments



ရေအားလျှပ်စစ် စက်ရုံငယ် ၈ဝ တည်ဆောက်၍ မီးမရ သေးသည့် ဒေသ အချို့ကို ပေးသွားရန် နယ်စပ်ရေးရာ ဝန်ကြီး ဌာနက စီစဉ်နေပြီဟု သိရသည်။ မဟာ ဓာတ်အား လိုင်းများနှင့် ဝေးကွာပြီး လျှပ်စစ်မီး မရသေးသော နေရာတို့ကို ထိုစက်ရုံငယ်များဖြင့် ပထမဦးဆုံး စီစဉ်ခြင်း ဖြစ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၆ ခုနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခုတို့ တွင်ဖြစ်သည်ဟု နယ်စပ်ရေးရာ ဝန်ကြီး ဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်ကြူကြူခင်က ပြောသည်။

”စက်ရုံ တစ်ခုကို ကျပ် ခြောက်သန်း ခန့်မှန်း တွက်ချက် ထားပြီး ဒီဘဏ္ဍာနှစ် ထဲမှာ အပြီး ဆောင်ရွက်ပေးဖို့ လျာထား လိုက်ပါပြီ” ဟု ၄င်းက ဆိုသည်။ လက်ရှိ နိုင်ငံတွင် ကျေးရွာ ပေါင်း ၆ဝ,ဝဝဝ ကျော်ရှိရာ ၂ဝ,ဝဝဝ သာလျှင် လျှပ်စစ်မီး ရရှိနေကြောင်း၊ ထို့အတွက် ကြောင့် စီမံချက် ထားကာ ဆောင်ရွက် ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပအိုဝ်း၊ ပလောင်၊ ဓနုတို့တွင် ရှစ်ခုစီ၊ ကိုးကန့်နှင့် ဝ တို့၌ ၇ ခုစီ၊ နာဂ ၌ ၉ ခုနှင့် ကချင်၊ စစ်ကိုင်း၊ မကွေး၊ ရခိုင်နှင့် ရန်ကုန်တို့တွင် စုစု ပေါင်း ၁၇ ခုဖြင့် ရေအားလျှပ်စစ် စက်ရုံငယ်များ အသီးသီး တည်ဆောက် သွားမည်ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန စာရင်းများအရ သိရသည်။ နယ်မြေဒေသ၏ တောင်းဆိုချက်၊ ရေအရင်းအမြစ်များဖြစ်သည့် ချောင်း၊ မြောင်း၊ စမ်းရေများရှိရာ အဆိုပါ ဒေသတို့၌ ရေအားလျှပ်စစ် စက်ရုံငယ်များ တည်ဆောက်သွား မည့်လုပ်ငန်းအပြင် အိမ်ခြေပေါင်း ၁၃,၆၃၁ ခုကို ဆိုလာ မီးပေးစနစ်များ တပ်ဆင်ပေး သွားမည်ဟုလည်း ညွှန်ကြားရေးမှူး ဒေါ်ကြူကြူခင်ထံမှ ထပ်မံသိရ သည်။

ရေအားလျှပ်စစ် စက်ရုံငယ် ၈ဝ နှင့် ဆိုလာ မီးပေးစနစ် ၁၃,၆၃၁ ခုတို့ အတွက် လျာထားငွေ ကျပ် ၃,၂ဝ၆.၂ သန်း သတ်မှတ်ထားပြီး ယခင် ဘဏ္ဍာနှစ်ကကဲ့သို့ တင်ဒါ စနစ်ဖြင့် ကုမ္ပဏီတို့အား ဆောင်ရွက် ခိုင်းဖွယ် ရှိသည်ဟု သိရသည်။

ကျေးလက် မီးလင်းရေးအတွက် ဆိုလာဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှ စ၍ ဆောင်ရွက်ပေးခဲ့ရာ ကျေးရွာပေါင်း ၁၆,ဝဝဝ ခန့်တွင် တပ်ဆင်ပေးခဲ့ပြီးဖြစ်သည်။




From:yoyarlay

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်