Friday, April 12, 2013

နိုင်ငံခြားရောက် မြန်မာသက်ကြီးရွယ်အိုများ တရားစခန်းဝင်ရန် မြန်မာသို့ ပြန်လာလေ့ရှိသည့် သင်္ကြန်ရက်မြတ်မတိုင်ခင် တစ်ရက်လို ဒေါ်စု ဂျပန်သို့ထွက်

Posted by drmyochit Friday, April 12, 2013, under | No comments



နိုင်ငံခြားရောက် မြန်မာသက်ကြီးရွယ်အိုများ တရားစခန်းဝင်ရန် မြန်မာနိုင်ငံသို့ ပြန်လာလေ့ ရှိသည့် သင်္ကြန်ရက်မြတ် မတိုင်ခင် တစ်ရက်လိုမှာ အသက် ၆၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာ သင်္ကြန်ကို ရှောင်ဖယ်ကာ ဂျပန်နိုင်ငံသို့ ထွက်ခွာ သွားပါပြီ။ သင်္ကြန်ပြီးမှ ပြန်လာမဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ဂျပန်နိုင်ငံ ခရီးစဉ် အတွက် ဧပရယ်လ ၁၂ ရက် ညနေပိုင်း ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်ကနေ ဘန်ကောက်ကို စတင် ထွက်ခွာသွားပါပြီ။ ဘန်ကောက်မြို့က တဆင့် ဂျပန် နိုင်ငံသို့ ဆက်လက် ထွက်ခွာမှာ ဖြစ်ပါတယ်။

သင်္ကြန်ကာလ တစ်လျှောက်လုံး ဂျန်ပန်နိုင်ငံတွင်နေထိုင်မှာဖြစ်ပြီး နှစ်ဆန်းတရက် ကျော်ပြီး ၂ ရက်ကြာ ဧပြီလ ၁၉ ရက်နေ့မှာတော့ တိုကျိုမြို့ နရီတာ လေဆိပ်ကနေ ထွက်ခွာပြီး ဘန်ကောက်ကနေ တဆင့် မြန်မာ နိုင်ငံကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။

၂ နှစ်ကျော် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများ ထောင်နှင့်ချီကာ အွန်လိုင်းပေါ် ရောက်လာသော်လည်း ဘုရားသွား ကျောင်းတတ်သော ပုံမှာ လက်ချိုးရေတွက်လို့ရကြောင်း သိရသည်။

ဒေါ်အောင်ဆန်း စုကြည်သည် ဘာသာရေး အလွန်အားနည်းသူ ဖြစ်ပြီး ဂုဏ်အရှိန်အဝါ မက်မောသူ တစ်ဦး ဖြစ်ကြောင်း NLD ပါတီဝင်ဟောင်းများက ဖွင့်ချခဲ့ဖူးသည်။




From:myanmar express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်