Friday, April 12, 2013

မန္တလေးမြို့ ညအချိန် မီး(၂)ခါလောင် မှု သံသယဖြစ်ဖွယ်ရှိ

Posted by drmyochit Friday, April 12, 2013, under | No comments




မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် သမန်းကုန်းရပ်ကွက် ၅၁×၅၂လမ်းကြား သမိန်ဗရမ်းနှင့် ဗညားဒလ လမ်းကြားမှာ၁၂-၄-၂၀၁၃ရက်နေ့ နံနက် ၆ နာရီ မထိုးခင်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ နာရီဝက် အတွင်း မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ အိမ်ခြေ (၉)လုံး မီးလောင်းကျွမ်းသွားခဲ့ပါတယ်။ မီးလောင်ရခြင်း အကြောင်းကိုတော့ စုံစမ်းစစ်ဆေးနေပါတယ်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္မဝတီရပ် ချီပါရပ်ကွက် အရှေ့ဘက်ခြမ်းမှာ မနက် ၁နာရီကျော်က မီးလောင်ကျွမ်းခဲ့ပါတယ်။ပန်းပုလုပ်တဲ့အိမ်တစ်အိမ်က စတင်လောင်ကျွှမ်းခဲ့တယ်လို့ဆိုပါတယ်။မနက် ၃နာရီကျော်မှာ မီးကို ထိန်းသိမ်းနိင်ခဲ့ပါတယ်။ မနက်၎နာရီ ကျော်မှာတော့ မီးကိုငြိမ်းသတ် နိင်ခဲ့ကြ ပါတယ်။မန္တလေးမြို့မှ မီးသတ်ကားများ တင်မဟုတ်ပဲ စစ်ကိုင်းမြို့မှ မီးသတ်ကား ၂စီးပါ လာရောက် ငြိမ်းသတ်ပေးရတယ်လို့ သိရပါတယ်။အိမ်ခြေပေါင်း ၁၅၀ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။ မီးလောင် ရခြင်း အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။တမ္မဝတီရပ်ကွက်မှာ အခုလိုမီးလောင်မှုကြီးကြီးမားမား အရင်က မဖြစ်ခဲ့ဘူးကြောင်းလည်း ရပ်ကွက်နေပြည်သူများက ပြောကြပါတယ်။ ထိခိုက်ဒဏ်ရာရမှု သေဆုံးမှုများတော့ လတ်တလော မသိရသေးကြောင်းလည်း ရပ်ကွက်နေပြည်သူများက ပြောကြပါတယ်။ အလားတူ ပြည်ကြီးတံခွန်မြို့နယ်၊ သမန်းကုန်း မြို့သစ်ကွက် ၅၁ x ၅၂ လမ်းကြားမှာ နံနက် ၅ နာရီ ၄၅ မိနစ် နာရီခန့် အချိန်က မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ ပါတယ်။ မီးလောင်မှုတွင် နေအိမ် ကိုးအိမ်ခန့် ပျက်ဆီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
 
တစ်နာရီကျော်ကစတင်ပြီးလောင်ကျွမ်းတဲ့မီးဟာ ၃ နာရီအထိမီးညွန်.မကျိုးသေးဘဲ အိမ်ခြေ ၁၅၀ ကျော် လောင်ကျွမ်း



From:myanmar express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်