Sunday, April 28, 2013

ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ လွှတ်တော်က သိသွားပြီ

Posted by drmyochit Sunday, April 28, 2013, under | No comments


ဒေါက်တာ ဆိတ်ဖွား ကလောင် အမည်နဲ့  လွှတ်တော်ကို ဝေဖန်တဲ့ အင်တာနက် ထဲက ဆောင်းပါးရှင် တယောက် မည်သူ မည်ဝါ ဖြစ်တယ် ဆိုတာကို သိဖို့ လွှတ်တော်က စုံစမ်း စစ်ဆေးရေး ကော်မတီ ဖွဲ့ထား ပါတယ်။
အခုတော့ သူတို့က ဒေါက်တာဆိတ်ဖွား ဘယ်သူ ဆိုတာကို သိသွားပါပြီ တဲ့။  

ဒေါက်တာ ဆိတ်ဖွား ဆိုတဲ့သူဟာ မီဒီယာသမားဖြစ်တယ်လို့ စုံစမ်းစစ်ဆေးနေသူတဦးက ပြောဆိုကြောင်း မနေ့က ရက်စွဲနဲ့ ထုတ်ဝေတဲ့ Bi Weekly Eleven သတင်းဂျာနယ်မှာ ရေးထားပါတယ်။ စာ ၁၈ မှာပါ။

"ဒေါက်တာ ဆိတ်ဖွားဟာ သူပါ ဆိုပြီး တာဝန်ခံသွားတဲ့သူတစ်ယောက် ရှိပါတယ်။ နာမည်ဘယ်သူ ဆိုတာတော့ ကျွန်တော်တို့ ပြောခွင့်မရှိသေးပါဘူး။

ခင်ဗျားတို့ မီဒီယာ လောကထဲက သူပဲ ဖြစ်ပါတယ်" လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဆိုပါတယ် တဲ့။

ဒေါက်တာဆိတ်ဖွားကို မည်သူမည်ဝါမှန်း သိပါပြီ ဆိုတော့ ဘယ်လို အရေးယူမလဲ။

စုံစမ်းရေးကော်မရှင်လူကြီးနောက်တယောက် ဖြစ်တဲ့ ဒေါက်တာမြတ်ဥာဏစိုးရဲ့ အဆိုအရတော့ ဆောရီး ပြောလိုက်ရင် ရပါပြီ။

"လွှတ်တော်သို့ ပြန်လည်တောင်းပန်စေခြင်း နည်းလမ်းကိုသာ ကျင့်သုံးသွားရန်ရှိကြောင်း" လို့ ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ် တဲ့။

ဒေါက်တာခင်မောင်ညို

စုံစမ်းရေးကော်မရှင်ရဲ့ခေါ်ယူ စစ်ဆေးခြင်း ခံရတဲ့သူတွေထဲမှာ စာရေးဆရာ ဒေါက်တာခင်မောင်ညိုလည်း ပါဝင်ပါတယ်။

ဧပြီ ၃၀ ရက်စွဲတပ် News Watch သတင်းဂျာနယ်မှာတော့ ဒေါက်တာခင်မောင်ညိုနဲ့ အင်တာဗျူးကို ဖတ်ရမှာပါ။

သူက "ဒေါက်တာဆိတ်ဖွားလို ပုဂိုလ်မျိုးက လူက လူတော်ပါဗျာ" လို့ အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။

ခင်မောင်ညို (ဘောဂဗေဒ)

ဒေါက်တာဆိတ်ဖွား နဲ့ ခင်မောင်ညို (ဘောဂဗေဒ) ဆက်စပ်တယ် ဆိုတဲ့ ရေးသား ပြောဆိုသံတချို့လည်း ထွက်ပေါ်နေပါတယ်။

ကာယကံရှင်ကတော့ သူ smart news ဂျာနယ်ကို ကိုင်တွယ်စဉ်က ဒေါက်တာဆိတ်ဖွားရဲ့ ဆောင်းပါးတပုဒ်ကို သုံးဖူးတယ်၊ သို့သော်လည်း ဆောင်းပါးရှင်ကို သူမသိဘူး တဲ့။

ဒီဗွီဘီ သတင်းဌာနရဲ့ သတင်းတပုဒ် http://burmese.dvb.no/archives/38822 မှာ အဲ ဒီလို ရှင်းလိုက် တာပါ။

"တကယ်လို့ ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ သိခဲ့ရင်တောင် အယ်ဒီတာ တယောက်ရဲ့ ကျင့်ဝတ်အရ မည်သူ မည်ဝါ ဆိုတာ ထုတ်ဖော်ပြောဆိုဖို့ တာဝန်မရှိသလို၊ ထုတ်ဖော် ပြောဆိုမှာလည်း မဟုတ်ကြောင်း" သူက ပြောဆို တယ်လို့ သတင်းမှာ တွေ့ရပါတယ်။

ကောင်းလိုက်တဲ့ ထောက်လှမ်းရေး

ပြီးခဲ့တဲ့ နှစ် ၅၀ အတွင်း ပြန်ကြည့်ရင်  မြန်မာပြည်မှာ ထောက်လှမ်းရေး ဆိုတဲ့သူများဟာ ချာတူး လန်တွေပါ။ နှိပ်စက် သတ်ဖြတ်တဲ့နည်းတွေနဲ့မှ  သတင်းရအောင် လုပ်တတ်သူတွေပါ။

အခုတော့  ကိုယ်ပျောက်ကလောင်ရှင် ဘယ်သူဖြစ်တယ် ဆိုတာကို ၁၀ ယောက်ကျော်ကျော်နဲ့ ဖွဲ့ထားတဲ့ ကော်မ ရှင်က အကြမ်း နည်းတွေ မသုံးဘဲ သိနေပြီ တဲ့။

တကယ် သိနေပြီ ဆိုရင်တော့ ထောက်လှမ်းရေး ပညာစွမ်း ထက်မြက်၊ ကောင်းမွန်တဲ့အတွက် မြန်မာတွေ ထောက်လှမ်းရေးပညာတော်တယ် လို့ ဆိုရမှာ ဖြစ်ပါတယ်။

From: Irrawaddy 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်