Sunday, April 28, 2013

နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်

Posted by drmyochit Sunday, April 28, 2013, under | No comments

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ သည် မြန်မာ နိုင်ငံတော် အပေါ် ဥရောပ သမဂ္ဂမှ ချမှတ် ထားသော စီးပွားရေး ဆိုင်ရာ ပိတ်ပင် ကန့်သတ်ချက် အားလုံးအား ရုတ်သိမ်း လိုက်သည့် ဥရောပ သမဂ္ဂ၏ ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ ဆုံးဖြတ်ချက်ကို ဝမ်းမြောက်စွာကြိုဆိုပါသည်။

ဥရောပ သမဂ္ဂသည် မြန်မာအစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိသောပြုပြင်ရေးဆိုင်ရာ ကြိုးပမ်း အား ထုတ်မှု များကို စိတ်အား ထက်သန်စွာ ထောက်ခံအားပေးလျက် ရှိပြီး ကနဦးအနေဖြင့် ၂၀၁၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပိတ်ပင် ကန့်သတ်မှုအများစုကို တစ်နှစ် ဆိုင်းငံ့ထားခဲ့ပါသည်။

ပြည်ထောင် စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် ဒီမိုကရေ စီရေး ပြုပြင်ပြောင်းလဲမှုများကို ပြင်းပြစွာ လိုလားလျက် မြန်မာအစိုးရ၏ လွန်ခဲ့သော (၂) နှစ် ကာလ အတွင်းဆောင် ရွက် ခဲ့သော ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို တက်ကြွ စွာ ထောက်ခံလျက်ရှိသည့် ပြည်သူ များကို များစွာ အကျိုးရှိစေမည်ဟု ယုံကြည်ပါသည်။

ဥရောပ သမဂ္ဂ ဘက်မှ စီးပွားရေးပိတ်ပင် ကန့်သတ်မှုများ အားလုံးကို ရုတ်သိမ်းလိုက်ခြင်းသည် မြန်မာ-အီးယူ ဆက်ဆံရေး ကို အားပေးရာရောက်သည့် အပြင် ပိုမိုနက်ရှိုင်း ကျယ်ပြန့်သော နှစ်ဘက် ပူးပေါင်း ဆောင်ရွက်ခြင်း ကိုပါ အကျိုးပြုမည်ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်