Sunday, April 28, 2013

အမေ ဖြစ်သူပျောက်ဆုံး နေလို့  ရှာပုံတော်ဖွင့် ခဲ့ သူ မြန်မာအမျိုးသမီး မမြင့်မြင့်အေး သင်္ကြန် အကြို နေ့တွင် အသတ်ခံရ

မြန်မာ့ ရိုးရာ သင်္ကြန် အား ပြည်တွင်း တွင် မဆင်နွှဲပဲ ဂျပန် နိုင်ငံသို့ ကြိုတင် သွားရောက် ကာ နှစ်ဆန်း တစ်ရက် ကျော်မှ ပြန်လာ သည့် အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်း စုကြည်မှ ပြည်ပရောက် မြန်မာ အချင်းချင်း စည်းလုံးရန် ပြောဆိုပြီး မကြာခင်မှာပင်  ထိုင်းနိုင်ငံတွင်  ပြည်ပရောက်မြန်မာအချင်းချင်း သတ်ဖြတ်မှု ဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။


Facebook သုံးကာ မိခင် ရင်းဖြစ် သူကို ရှာဖွေလျှက် ရှိသော မမြင့်မြင့်အေး (ခ) သဲသဲသော် အမည်ရှိ မြန်မာ အမျိုး သမီး တစ်ဦးအား Facebook ပေါ်မှ ရင်းနီး ခဲ့သည့် မြန်မာ အမျိုးသား တစ်ဦးမှ သင်္ကြန် အကြို နေ့တွင် ချိန်းတွေ့ ခဲ့ချိန်၌ အဓမ္မ ပြုကျင့်ရန် ကြံစည်ခဲ့၍ သတ်ဖြတ်ကာ ပိုက်ဆံ အိတ်နှင့် ဖုန်းကို ယူဆောင် သွားခဲ့ကြောင်း သတင်းရရှိသည်။ 

တရားခံ မှာ မြန်မာ အမျိုးသား တစ်ဦးဖြစ်ပြီး ဆမူ ပါကန်မြို့တွင် ဖမ်းထားပြီး ဖြစ်ကြောင်း သိရသည်။ အင်တာနက် facebook များမှ ရင်းနီးကာ ချစ်ကြိုက် ကြပြီး ပြင်ပတွင် တွေ့ဆုံကာ Living Together နေထိုင် ကြသည့် အလေ့ အထ မှာ စင်္ကာပူ၊ မလေးရှား၊ ဂျပန်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန် နှင့် နော်ဝေ နိုင်ငံရှိ မြန်မာ လူငယ်များ ကြားတွင် အစဉ် အလာ ဓလေ့ထုံးစံ တစ်ခု သဖွယ် ဖြစ်နေပြီး ပြည် တွင်းရှိ မြန်မာ များ နှင့် ရုရှား နိုင်ငံရှိ မြန်မာများ ကြားထိ ကူးစပ် နေပြီ ဖြစ်ကြောင်း သိရသည်။ 

ရုရှား နိုင်ငံတွင် မြန်မာ အမျိုး သမီး မရှိသလောက် နည်းပါး သော်လည်း စင်္ကာပူ၊ နော်ဝေ နှင့် အမေရိ ကန်.. စသည့် နိုင်ငံ များမှ မြန်မာ မိန်းကလေး အချို့ ရောက် လာ လေ့ ရှိကြောင်း သိရပြီး ယခုကဲ့သို့ မြန်မာ အချင်းချင်း ယုတ်မာစွာ ပြုမူခြင်း၊ သတ်ဖြတ် နှိပ်စက်ခြင်း၊ ဖုန်း နှင့် ပိုက်ဆံများ လုယူခြင်း မရှိ ကြောင်း ရုရှားပြန် မြန်မာအမျိုးသမီးတစ်ဦး ထံမှ သိရသည်။ ထိုသို့သော အကျင့်စာရိတ္တ ကောင်းမွန် မှုများကြောင့် အင်တာနက်သုံးသူ မြန်မာမိန်းကလေး အများစုမှာ အခြားနိုင်ငံရှိ မြန်မာ အမျိုး သား ငယ်များ ထက် ရုရှားနိုင်ငံရှိ သိက္ခာရှိ မြန်မာအမျိုးသားငယ်များကို ပိုမိုစိတ်ဝင်စားကြကြောင်း အဆိုပါ အမျိုးသမီးက ဆက် ပြောသည်။

ယခုကဲ့ သို့သော လူမ ဆန်သည့် ဖြစ်စဉ်အား ရုရှားရောက် မြန်မာ ကျောင်းသား တစ်ဦး (သို့) အခြား မြန်မာ စစ်သား တစ်ဦးမှ  လုပ်ဆောင် ခဲ့ပါက ဝါးလုံး ရှည်ဖြင့် ရမ်းကာ စစ်တပ် တစ်ခုလုံး နှင့် ရုရှားရောက် ကျောင်း သားထု တစ်ခု လုံးအား ရစရာ မရှိအောင် ဝေဖန် ရှုံ့ချ မှုများ တွေ့ ရမှာဖြစ် သော်လည်း ယခုအခါ ဤဖြစ်စဉ် အတွက် ပြည်ပရောက် မြန်မာ အမျိုးသား အားလုံးကို လည်းကောင်း၊ ထိုင်းနိုင်ငံရှိ မြန်မာ အမျိုးသား အားလုံးကို လည်းကောင်း ဝါးလုံးရှည်ဖြင့် ရမ်းကာ ဝေဖန် ရှုံ့ချမှုကို လုံးဝ မတွေ့ရပေ။

မမြင့်မြင့် အေး သတ်ဖြတ် ခံရမှုနှင့် ပတ်သက်ပြီး ပြည်ပရောက် မြန်မာ အချင်းချင်း ကူညီရ မည့်အစား သတ်ဖြတ်မှု အတွက် မြန်မာ အများ အပြား မကျေမနပ်ဖြစ်လျှက်ရှိကြောင်း သိရပြီး ဒေါ်အောင်ဆန်းစုကြည် ပြော ဆိုပြီး မကြာ ခင်ဖြစ် ပွား ခဲ့ သဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို မလေးမစား ပြုလုပ်ခြင်း ဖြစ်ကြောင်း ဒေါ်စု ထောက်ခံ သူများက ပြောဆိုလျှက်ရှိသည်။


ပြည် ပရောက် မြန်မာများ အရေး လေ့လာ စောင့်ကြည့် သူများ ကတော့ ဒေါ်အောင် ဆန်းစုကြည် စကား ကို မြန်မာ လူငယ်များ အနေဖြင့် အပျင်းပြေသာ နားထောင်လေ့ ရှိကြပြီး ဒေါ်စု၏ အပြောနဲ့ အလုပ် မညီမှု များကြောင့် လက်တွေ့ လိုက်နာခြင်း မရှိကြကြောင်း သုံးသပ် ကြသည်။ ဒေါ်အောင်ဆန်း စုကြည်သည် ပြည်ပ ခရီးစဉ် ရောက်တိုင်း မြန်မာ အချင်းချင်း စည်းလုံးရန် ပြောလေ့ ရှိပြီး၊ ပြည်တွင်း တွင်လည်း ရင်ကြား စေ့ရန် အမြဲ ပြောလျှက် ရှိသော်လည်း ၎င်း ကိုယ်တိုင်က မောင်နှမချင်း အပြန် အလှန် တရား စွဲလျှက် ရှိသည်။

From: Myanmar EXpress 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်