စစ်တွေ မြို့နယ် အတွင်း ကုလား လူဦးရေ စာရင်း ကောက်ခံမှုအား အကန့် အသတ် မရှိ ရပ်ဆိုင်း လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ဧပြီလ ၂၆ ရက် နေ့တွင် စစ်တွေ မြို့နယ် အတွင်း ကုလား များအား အဖွဲ့ ၁၈ ဖွဲ့ဖြင့် စာရင်း ကောက်ယူမှု စတင် ခဲ့ရာ ရိုဟင်ဂျာ လူမျိုး အဖြစ် သတ်မှတ် ပေးရန် တောင်းဆိုပြီး အကြမ်းဖက် လုပ် ရပ်များ ဆောင်ရွက် ခဲ့သဖြင့် စစ်တပ်မှလုံခြုံရေး တပ်သား တစ်ဦး ဒဏ်ရာ ရှိခဲ့ကြောင်း သိရသည်။
ကုလား များအား စာရင်း ကောက်ခံမှုကို ယာယီ ရပ်ဆိုင်း လိုက်ပြီ ဖြစ်ပြီး ယင်းသို့ အကြမ်း ဖက် လုပ်ရပ် သည် တတိယ အကြိမ် ပဋိ ပက္ခကို ဖြစ်ပွားအောင် လှုံ့ဆော်ရာ ရောက်သည့် အတွက် နောက်ကွယ်မှ ကြိုးကိုင် သူများအား ဥပဒေ အရ ပြတ်ပြတ် သားသား အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဧပြီလ ၂၆ ရက်နေ့၊ ညနေပိုင်းတွင်ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပ ခဲ့သည့် အရေးပေါ် အစည်း အဝေးကို တက် ရောက် ခဲ့သူ စစ်တွေမြို့မှမြို့မိမြို့ဖတစ်ဦးက ပြောပါသည်။
ယင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူတစ်ဦးကလည်း ယခုဖြစ်ရပ်ဖြစ် ပွားခဲ့ခြင်း၏ နောက် ကွယ်တွင် ကြိုးကိုင် သူများ ရှိနေကြောင်း ပြောကြားသည်။
From: RSV Facebook
Time in Rangoon

0 comments:
Post a Comment