Sunday, April 28, 2013

ဘင်ဂလားဒေ့ရှ်က အဆောက်အဦးပြိုမှု ၄ ဦးကို ဖမ်းဆီး

Posted by drmyochit Sunday, April 28, 2013, under | No comments



စနေနေ့ ကတော့ နောက်ထပ် ၂၂ ဦးကို အသက် ရှင်လျက် ဆွဲထုတ် ကယ်ဆယ် နိုင်ခဲ့ ပါတယ်

ဘင်ဂလား ဒေ့ရှ် နိုင်ငံ ဒါကားမြို့ ဆင်ခြေဖုံးမှာ ဗုဒ္ဓဟူး နေ့က ပြိုကျ ခဲ့တဲ့ စက်ရုံ အဆောက် အဦးကို တည် ဆောက် ရာမှာ ပါဝင် ခဲ့တယ်လို့ စွပ်စွဲ ထားတဲ့ ဆောက်လုပ်ရေး အင်ဂျီနီယာ နှစ်ဦးကို ဖမ်းဆီး လိုက်ပြီလို့ ဘင်ဂ လားဒေ့ရှ်ရဲ တပ်ဖွဲ့က ပြောပါတယ်။

အဲဒီ အဆောက် အအုံထဲက အထည်ချုပ် စက်ရုံ တခုရဲ့ ပိုင်ရှင်နဲ့ ညွှန်ချုပ် ဖြစ်သူကိုလည်း ထိန်းသိမ်းထား လိုက်ပြီ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး တွေက အပျက် ဆီးတွေ ကြားမှာ အသက်ရှင် ကျန်ရစ် သူတွေကို ဆက်လက် ရှာဖွေခဲ့ရာ စနေနေ့ ကတော့ နောက်ထပ် ၂၂ ဦးကို အသက် ရှင်လျက် ဆွဲထုတ် ကယ်ဆယ် နိုင်ခဲ့ပါတယ်။

လူပေါင်း ၃၀၀ ကျော် ကတော့ သေဆုံး သွားခဲ့ ရပြီ ဆိုတာကို အတည်ပြု နိုင်ပြီ ဖြစ်ပါတယ်။

အဆောက် အဦး အပျက် အဆီးတွေ အောက်မှာ နောက်ထပ် ရာနဲ့ ချီတဲ့ အသက်ရှင် နေသေးတဲ့ သူတွေ ရှိနေ ဦးမယ်လို့ ယူဆရ ပါတယ်။

အထဲမှာ ပိတ် မိပြီး ကယ်ထုတ်လို့ မရ သေးတဲ့ အသက်ရှင် သူတွေ ကိုတော့ ကယ်ဆယ် ရေး တွေက ရေနဲ့ အစား အစာတွေ ပေးနေပါတယ်။

From: BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်