Monday, May 13, 2013

တူရကီအစိုးရက ဗုံးခွဲမှုများကို ဆီးရီးယားသမ္မတ အမိန့်ပေးခိုင်းစေကြောင်းဆို၊ နယ်စပ်တင်းမာမှုများကို သတိပေး

Posted by drmyochit Monday, May 13, 2013, under | No comments

jjjjj
ရေးဟန်လီ၊ မေ ၁၂။

စနေနေ့က ဖြစ်ပွားသည့် ဆီးရီးယားနှင့် နယ်စပ်ဖြစ်သည့် တူရကီနိုင်ငံမှမြို့တွင် လူ၄၆ ဦးသေ ဆုံးခဲ့ ရသော ကားဗုံးနှစ် လုံးကွဲ ခဲ့မှုတွင် ဆီးရီး ယား သမ္မတ အယ်အာ ဆတ် လက်အောက်ခံ တပ်သားများ ပြုလုပ် ခဲ့သည်ဟု ယုံကြည်ကြောင်း တူရကီအစိုးရက ယနေ့ပြောကြားသည်။

တူရကီနိုင်ငံခြားရေးဝန်ကြီး အာမက် ဒေ့ဗ်တော့လူက ရေးဟန်လီတွင် စနေနေ့က ဖြစ်ပွားသည့် ဗုံးပေါက် ကွဲမှုမှ ဗုံးခွဲ သူများသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဆီးရီးယားကမ်းရိုးတန်းမြို့ဘာနီယားစ်တွင် ဖြစ်ပွားခဲ့ပြီး သမ္မတအာဆတ် အစိုးရက ထောက်ပံ့ခံတပ်များကြောင့် အနည်းဆုံးလူ ၆၂ ဦး သေဆုံးစေ ခဲ့သည့် တိုက်ခိုက်သူများ လုပ်ဆောင်သည်မှာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

“တိုက်ခိုက်မှုဟာ တူရကီနိုင်ငံတွင်း ဆီးရီးယားသူပုန်များနှင့် မသက်ဆိုင်ပါဘူး၊ ဆီးရီးယား အစိုးရ နဲ့သာ ဆိုင်ပါ တယ်” ဟု နိုင်ငံခြားရေး ဝန်ကြီး က အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။
ဆီးရီး ယား ပြန်ကြားရေးဝန်ကြီး အိုမရန် ဇူဘီက ဆီးရီးယားအစိုးရ ပါဝင်ပတ်သက်နေသည်ဆိုသည့် အချက် ကို ငြင်းပယ်ပြီး အခြေအမြစ် မရှိ သည့် စွပ်စွဲချက်များအဖြစ် ပယ်ချခဲ့သည်။
ဆီးရီး ယား ပဋိပက္ခသည် ယခုနှစ်တွင် သုံးနှစ်ပြည့်မြောက်ပြီဖြစ်ပြီး အရှေ့အလယ်ပိုင်းတွင်း ရှီအိုက်အုပ်စု က အာဆတ် ကို ထောက်ခံပြီး ဆွန်နီ အုပ်စုသည် ဆော်ဒီထောက်ပံ့ခံသူပုန်များဖြစ်လာပြီး အုပ်စုနှစ်စုကြား တိုက်ခိုက် မှုမှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဘာနီယာစ်မြို့သည် ဆီးရီးယားနိုင်ငံ၏ မြေထဲပင်လယ်ကမ်းရိုးရှိမြို့ဖြစ်ပြီး ဆွန်နီအုပ်စုလက်ထဲတွင်ရှိကာ ၎င်း နယ်မှ အတိုက်အခံများက သမ္မတ အာဆတ်စစ်တပ်ကို လူမျိုးနွယ်များကို တိုက်ခိုက်သည်ဟု စွပ်စွဲ သည်။

ရေဟန်လီ မြို့တွင် ဆွန်နီအုပ်စု အများအပြားနေထိုင်ကြပြီး ဆီးရီးယားဒုက္ခသည် ထောင်ပေါင်းများ စွာ လည်း နေထိုင်ကြ သည်။

နယ်စပ်မြို့လည်းဖြစ်သောကြောင့် သမ္မတအာဆတ်ကို တိုက်ခိုက်သည့် သူပုန်များ၏ အခြေ စိုက်ရာနေ ရာလည်းဖြစ် သည်။

Ref:Reuters
From: @ မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်