Monday, May 13, 2013

လက်ကိုဖြတ်၍အသက်ကယ်ခဲ့ရသည့်မိန်းကလေး

Posted by drmyochit Monday, May 13, 2013, under | No comments



ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဒါကာ မြို့ရှိ အထပ် (၈) ထပ်ရှိသော ရာနာပလာဇာ ပြိုကျခဲ့ စဉ်က စက်မောင်း မစ္စတာ ဒီဒါသည် အဆောက် အအုံ ပြိုကျ ရာသို့ အပြေး အလွှားသွား ရောက်ပြီး အသက် ရှင်နေသေး သူများ အား ကယ်တင် နိုင်ရန်ကြိုးပမ်းခဲ့သည်။

ထိုသို့ ကြိုးပမ်း နေစဉ် နံနက် (၁၀)နာရီခန့် တွင် မစ္စ အနန်အက် ခတာ၏ အကူ အညီ တောင်းခံနေ သံကို ကြားရ သဖြင့် ရှာဖွေကြည့် ရာ သူမအားတွေ့ ရှိရပြီး သူမ အနီးတွင် လည်း အလောင်းနှစ် လောင်း ရှိနေ သည်။ မစ္စတာဒီ ဒါက မစ္စအနန် အက်ခတာအား ကယ်တင်နိုင်ရန် နည်းလမ်း ရှာ ကြည့်သည်။

ယန္တရား သုံး၍ ကယ်တင် မည်ဆို ပါက အဆောက်အအုံ၏ အမိုး ထပ်မံ ပြိုကျ လာမည်ကို စိုးရိမ် ရသည်။ ထို့ကြောင့် သူမ အား ကယ်တင်နိုင်ရန် တစ်ခု တည်းသော နည်းလမ်းမှာ ပိမိ နေသော သူမ၏လက် အားဖြတ် ပစ်ရန် ပင်ဖြစ်သည်။ ထို့ကြောင့် မစ္စတာဒီဒါက မစ္စအနန်အက် ခတာအား သူမ၏လက်ကို ဖြတ် ၍ ကယ် တင်မှ ရနိုင်မည်ဖြစ် ကြောင်း ပြောကြားရာ သူမက သဘောတူခဲ့သည်။

မစ္စတာ ဒီဒါ သည် ပြိုကျနေ သော အဆောက် အအုံ အပြင် ဘက်သို့ ပြန်လည် ထွက် သွားပြီး ဆရာဝန် တစ်ဦးထံ အကူ အညီ တောင်း ခံခဲ့ရာ  ဆရာဝန်က အဆောက်အအုံအောက်သို့ဝင် ရန် အလွန်ကြောက် ရွံ့နေ သဖြင့် ၎င်းအကြံပြုသည့်အတိုင်း ထိုး ဆေး(၁)လုံးနှင့် ခွဲစိတ်ဓားတစ် ချောင်းကိုယူ၍ မစ္စအနန်အက်ခ တာထံ သို့ ပြန်လည် သွားရောက် ပြီး ဆေး ထိုးပေးကာ လက်အား စတင် ဖြတ်တောက်ခဲ့သည်။

ခွဲစိတ် ဓားမှာလည်း ထင် သလောက် မထက်သဖြင့် မစ္စတာ ဒီဒါအနေနှင့် မစ္စအနန်အက် ခတာ၏လက်အားလေး နာရီကြာ ဖြတ်တောက် ကယ်တင် ခဲ့ရသည်။

Source: The New Paper
ဥက္ကာအောင်
From: The Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်