Monday, May 13, 2013

RCSS/SSA (ရွက်ဆစ်) လက်နက်ကိုင် အဖွဲ့မှ ဒေသခံ ပြည်သူများအား တရား ဥပဒေမဲ့ ပစ်ခတ် သတ်ဖြတ်

Posted by drmyochit Monday, May 13, 2013, under | No comments


နေပြည်တော် မေ ၁၂

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကျင်စန်းကျော့ လမ်းခွဲမှ (၁ဝ၅) မိုင် စစ်ဆေးရေး ဂိတ် ရှောင် ကွင်း လမ်းဘေး ရှိ လူနေ အိမ် တဲအား မေ ၁၁ ရက် ည ၉ နာရီ မိနစ် ၂ဝ ခန့်တွင် SSA (ရွက်ဆစ်) အဖွဲ့မှ ပြောက် ကျား ယူနီ ဖောင်းဝတ် သုံးဦးခန့်သည်  အကြောင်းမဲ့ လက်နက်ငယ်များဖြင့် ပစ်ခတ်၍  မီးရှို့ ဖျက်ဆီး ခဲ့သည်။


၎င်း ဖြစ်စဉ် တွင် မူဆယ်မြို့၊ အထက်တုံခန် ကျေးရွာနေ မောင်ကျော်သူထိုက် ၂၄ နှစ် (ဘ)ဦးစိုးတင့်မှာ ဝဲဘက် ရင်အုံ လက်နက်ငယ် ကျည်ဖောက်ဝင် ဒဏ်ရာ၊ ဟိုနောင်ရွာတွင် နေထိုင်သော ဦးညီညီ ၃၆ နှစ်(ဘ) ဦးဒေး မှာ ရင်အုံ၊ ညာပါး၊ ညာပေါင်တို့တွင် လက်နက်ငယ်ကျည် ထိမှန် ဒဏ်ရာများနှင့် ဦးကျော် မင်းဆွေ ၄၂ နှစ် (ဘ) ဦးလှဆွေမှာ ဝဲဘက်ခြေ ဖနောင့်နှင့် ဝဲဘက်ပေါင်ရင်း တို့တွင် လက်နက်ငယ် ကျည်ထိ မှန် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် တပ်မတော် စစ်ကြောင်း များက မူဆယ်ဆေးရုံသို့ ပို့ဆောင် ၍ ဆေးကုသမှု ခံယူစေရန် ကူညီ ဆောင်ရွက်ပေးသည်။

အဆိုပါ လုပ်ရပ်နှင့် ပတ်သက်၍ ဒေသခံ ပြည်သူများ၏ ပြောပြချက် အရ SSA (ရွက်ဆစ်) အဖွဲ့မှ အဖွဲ့ဝင် အချို့ သည် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ တရား ဥပဒေ မဲ့ ပစ်ခတ် သတ်ဖြတ်ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

Source----> မူရင်းသတင်း(From:  မြ၀တီ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်