Monday, May 13, 2013

အချစ်အတွက်မိမိကိုယ်မိမိ မီးရှို့သူ

Posted by drmyochit Monday, May 13, 2013, under | No comments



အင်ဒိုနီးရှားနိုင်ငံမှ အသက် (၃၀)အရွယ်ရှိ ကုန်တင်ကားသယ် ယူပို့ဆောင်ရေးအလုပ်သမား မို ချန်မတ် ဇီခရာ သည် ဂျာကာတာ မြို့ရှိ ၎င်း၏ရုံးခန်း၌ မိမိကိုယ်မိမိ မီးရှို့ခဲ့ပြီး အခြားအိမ်ထောင်ရှင် အမျိုး သမီး တစ်ဦး ကိုလည်း မီး တွင်းထဲသို့ ဆွဲသွင်းရန် ကြိုးပမ်းခဲ့ သည်။

ဇီခရာသည် မိမိကိုယ် မိမိ ဓာတ် ဆီလောင်း၍ မီးရှို့ခဲ့ပြီး ၎င်း စိတ်ဝင် စားနေခဲ့ သည်ဟု ယူဆရ သည့် အသက် ၂၆ နှစ် အရွယ်ရှိ စန်တီဒီယိုစာ ကာဂူမေ လာအား မီးတွင်းသို့ ဆွဲ ယူရန်ကြိုး ပမ်းခဲ့ သည်ဟု အခြား လုပ်ဖော်ကိုင် ဘက်အမျိုးသမီးတစ်ဦးက ၀င် ရောက်၍ ဂူမေလာအား ဝေးရာ သို့ ဆွဲယူ သွားနိုင် ခဲ့သည်။

အမျိုး သမီး နှစ်ဦးလုံးမှာ ဇီ ခရာ၏ ဆုတ်ကိုင် ထားမှုမှ ရုန်း ထွက်နိုင် ခဲ့ကြပြီး ရုံး ခန်းပြင် ပသို့ ထွက်ပြေး နိုင် ခဲ့ကြသော်လည်း မီး လောင်ဒဏ်ရာများ အသီးသီး ရရှိ သွားကြောင်း ရဲ တပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ရီကွမ် တိုကပြောကြား လိုက်သည်။ ၎င်းအမျိုးသမီးနှစ် ဦးအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ ရပြီး ဇီခရာမှာမူ သေဆုံး သွားခဲ့ သည်။ ထိုကိစ်္စမှာချစ်မှုရေးရာနှင့် ပတ်သက်လိမ့်မည်ဟု ရဲတပ်ဖွဲ့က ယူဆသော်လည်း အသေး စိတ်ကို မူ ထုတ်ဖော်ပြောကြားခြင်းမပြု ပေ။

ဂျာကာ တာ အရှေ့ပိုင်းရှိ ခရိုင်ခွဲ ရဲစုံထောက် အကြီး အကဲ အန်တောင်းက ဇီခရာသည် စန်တီနှင့် ချစ်ကြိုက်နေ သည်မှာ (၂)နှစ်ခန့်ရှိနေခဲ့ပြီး စန်တီက လက်ထပ် သွားကာ ဇီခရာအား ငြင်းပယ်ခဲ့ကြောင်း ပြောကြား လိုက်သည်။



ဥက္ကာအောင်
From: The Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်