Monday, May 13, 2013

ထိုင်းဝန်ကြီးချုပ်ကကာတွန်းဆရာအားတရားစွဲ

Posted by drmyochit Monday, May 13, 2013, under | No comments


ထိုင်းဝန်ကြီးချုပ် ရင်လပ် စီနာဝါထရာသည် မေလ ၄ ရက် နေ့တွင် ၎င်း၏ရှေ့နေများမှတစ် ဆင့် ထိုင်း ရတ်သ် ကာတွန်း ဆရာ ချိုင်းရာချာဝပ်အား သူမ ကိုပြည့် တန်ဆာနှင့် နှိုင်းယှဉ်မှု အတွက် အသရေ ဖျက် မှုဖြင့် တရား စွဲဆို လိုက် သည်။

ရှေ့နေ များက ချိုင်းအား စွဲ ချက် (၃)ခုဖြင့် တရား စွဲဆို လိုက် ပြီး ထိုစွဲချက်များမှာ အစိုးရ အခမ်း အနား တစ်ခု တွင် အစိုးရ အရာရှိအားစော်ကားမှု၊ အသရေ ဖျက် မှုနှင့် ကွန်ပျူတာဆက်စပ် ရာဇ၀တ်မှု ဥပဒေကို ချိုးဖောက် မှု တို့ဖြစ်သည်။  ယခုတရားစွဲဆိုမှု သည် ထိုင်း ၀န်ကြီး ချုပ်အနေနှင့် လူမှုရေးမီဒီယာများတွင် ဖော်ပြ မှု အတွက် တစ်စုံတစ်ယောက်အား ပထမဆုံး အကြိမ် တရားစွဲဆိုခြင်း လည်းဖြစ်သည်။

ကာတွန်း ဆရာ ချိုင်း၏ အမည်ရင်းမှာ ဆွန်ချိုင်း ကာတန် ယုတာ နန်ဖြစ်ပြီး ၎င်းသည် ၀န်ကြီး ချုပ်ရင် လပ်၏ ဓာတ်ပုံ များအား လွှင့်တင်ကာ “ပြည့် တန်ဆာများ သည် မိန်းမဆိုးများ မဟုတ်ကြပါ။ ပြည့် တန်ဆာ များ သည် ၎င်းတို့၏ ခန္ဓာကိုယ် ကိုသာ ရောင်းချပြီး မိန်းမဆိုး မှာမူကား လှည့်လည် သွားလာ၍ တိုင်းပြည် အားရောင်း စား ရန်ကြိုး ပမ်းခဲ့သည်” ဟူသော စာတမ်းအား ရေးထိုးထားခဲ့သည်။

ဝန်ကြီးချုပ် ရင်လပ်သည် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီ အရေးနှင့်ပတ်သက်သည့် သတ္တမ အကြိမ်မြောက် ၀န်ကြီး များ၏ ကွန်ဖရင့်တွင် ၂၀၀၆ ခုနှစ်က အာဏာသိမ်းမှုကို ပြစ်တင်ပြော ကြားခဲ့သည်။



Source: The Nation/Asia News Network
ဥက္ကာအောင်
ဲFrom: The Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်