Monday, May 13, 2013

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အနည်းဆုံး ၁၉ ယောက် ဒဏ်ရာရခဲ့တဲ့ အမေနေ့ လမ်းလျှောက်ပွဲ

Posted by drmyochit Monday, May 13, 2013, under | No comments


New Orleansမှာ မနေ့က ပြုလုပ်ခဲ့သည့် အမေနေ့ လမ်းလျှောက်ချီတက်ပွဲမှာ လမ်းလျှောက်သူများကို သေ နတ် သမား များက ပစ်ခတ်ခဲ့သည့် အတွက် အနည်းဆုံး ၁၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲများက ပြော ခဲ့ကြောင်း CBS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

FBI အဖွဲ့၏ အဆိုအရ ဒါဟာ တစ်ခြားအကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ခြင်း မရှိဘဲ လမ်းမပေါ်က ရာဇ၀တ်မှု တစ် ခု လို့ပဲ ဆိုခဲ့ပါတယ်။

ဒဏ်ရာ ရရှိခဲ့သူ အများစုကတော့ သေနတ် ဒဏ်ရာတွေပဲ ဖြစ်ပြီး ယောက်ျားလေး ၁၀ ဦး၊ မိန်းကလေး ၇ ဦး၊ ကလေး ကျား။မ ၂ ဦး တို့ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ အနေဖြင့်တော့ သံသယ ရှိသူ ၃ ဦးကို တွေ့ရှိရပြီး မနေ့ က ညနေပိုင်း အထိတော့ ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ဘာကြောင့်မှ မဟုတ် ရင်တော့ လမ်းပေါ်ထွက် လမ်းလျှောက်ခြင်းကို ကြည့်မရသူများ ဖြစ်နိုင်ပြီး ဒီမိုကရေစီ အား ကျတဲ့ လမ်းပေါ် ထွက် မြန်မာများ သတိထားစရာ ဖြစ်လာနိုင်တဲ့ မှုခင်းဖြစ်ပါတယ်။

From: OPP

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်