Monday, July 01, 2013

သံတွဲမြို့မှာ ရဲစခန်းဝိုင်း၊ အိမ်မီးရှို့မှုကြောင့် ညမထွက်ရ အမိန့်ထုတ်ပြန်ဟု အစိုးရပြော

Posted by drmyochit Monday, July 01, 2013, under | No comments

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဇွန်လ ၃ဝရက်နေ့ညနေက လူ ၅ဝဆယ်လောက်ဟာ အမျိုးသမီးတစ်ဦး အဓမ္မ ကျင့်ခံရ တယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး ရဲစခန်းကို ဝိုင်းခဲ့ကြကြောင်းနဲ့ ည ၇နာရီမှာ မြို့သစ်ရပ် ကွက်မှာ နေအိမ် ၂လုံးကို မီးတင်ရှို့ခဲ့တဲ့ဖြစ်ရပ်ဖြစ်ပေါ်ခဲ့ပြီး ညအထွက်ရအမိန့် ထုတ်ပြန် လိုက်တယ် လို့ မြန်မာအစိုးရ ပြန်ကြားရေး ဒုတိယဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

သမ္မတပြောခွင့် ရသူလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဇွန်လ ၂၉ရက်နေ့မှာ တောင်ကုတ်ကနေ သံတွဲ ကိုရောက်လာ တဲ့ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်ကယ်ရီသမားနဲ့ အခြားသူတစ်ဦးက စော်ကားတယ်ဆိုတဲ့ သတင်းတွေ ဇွန်လ ၃ဝရက်နေ့ညနေမှာ ပြန့်နှံ့သွားခဲ့ရာက စတင်ခဲ့တာလို့ ဆိုပါတယ်။

သံတွဲမြို့ ရဲစခန်းနဲ့ ခရိုင်ပြန်ဆက်ရဲ့ ပေးပို့တဲ့သတင်းတွေအရ အဓမ္မပြုကျင့်မှု တိုင်တန်းချက်ကြောင့် ကျူးလွန်တယ်လို့ သံသယရှိသူတွေကို စုံစမ်းဖော်ထုတ်နေဆဲဖြစ်ပြီး မြို့အဝင်အထွက်တွေကိုလည်း ပိတ်ထားလိုက်တယ်လို့ ဦးရဲထွဋ်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

တောင်ကုတ်ကနေ သံတွဲကိုရောက်လာတဲ့ အမျိုးသမီးဟာ ဘာသာခြားတွေရဲ့ အဓမ္မကျင့်မှုခံရတယ်ဆိုတဲ့ ကောလဟာလတွေကြောင့် ဆိုရှယ်မီဒီယာတွေမှာလည်း ဆူပူသွေးထိုးမှုတွေ ပေါ်ပေါက်လာပြီး လူမျိုးရေး ဘာသာရေး ပဋိပက္ခအသွင် ဖော်ပြချက်တွေ တကျော့ပြန် ပေါ်ပေါက်လာနေပါတယ်။

Kamayut Media

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်