Monday, July 01, 2013

ခွဲခြားဆက်ဆံမှုများ ပြုလုပ်လာပါက ဥပဒေအတိုင်း အရေးယူသွားမည်ဟု ပြန်ကြားရေးဝန်ကြီးပြော

Posted by drmyochit Monday, July 01, 2013, under | No comments


ရန်ကုန်၊ ဇူလိုင် ၁။

နိုင်ငံတော် အစိုးရအနေဖြင့် လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှု ကိစ္စရပ်များကို လက်သင့် မခံကြောင်းနှင့် ယင်းကဲ့ သို့ ပြုလုပ်လာမည်ဆိုပါက ဥပဒေအတိုင်း အရေးယူ သွား မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က နေပြည်တော်ရှိ စက်မှု ဝန်ကြီး ဌာနတွင် အစိုးရ အဖွဲ့မှ ဝန်ကြီးအချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာများ တွေ့ဆုံပွဲ တွင် ပြောကြားခဲ့ခြင်း ဖြစ် သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ခွင့်ပြုထားတယ်။ ပုဒ်မ ၃၆၄ မှာ ဒီလိုမျိုး ခွဲခြားဆက် ဆံမှုတွေ လုံးဝမလုပ်ရဘူးလို့ အတိအလင်း ပြဌာန်းထားတယ်။ ဥပဒေကို ချိုးဖောက်လာ မယ်ဆို ရင် ဥပဒေနဲ့အ ညီ အရေးယူမှာ ဖြစ်တယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။
လက်ရှိ အမျိုးစောင့် ဥပဒေ ရေးဆွဲရေးနှင့် ပတ်သတ်၍ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ခုတွင် လူတိုင်း ကဖြစ်စေ၊ အဖွဲ့အစည်းတိုင်းကဖြစ်စေ ပါ့ဗလစ်ဒီဗိတ်ဟုခေါ်သော ဥပဒေရေးရာကိစ္စများနှင့် ဥပဒေဖြစ်စဉ် ကိစ္စများ ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိကြောင်း၊ သို့သော် မိမိပြောသည့် အကြောင်းအရာတိုင်း ဥပဒေ တစ်ခုဖြစ်ရန်မှာ ဖြတ်သန်းရမည့် အဆင့်များစွာ ရှိကြောင်း ဦးရဲထွဋ်က ပြောကြားသည်။
“ဥပဒေကြမ်း တစ်ခုဖြစ်ဖို့ဆိုရင် ဥပဒေကြမ်း တင်သွင်းခွင့်ရှိတဲ့သူကလည်း တင်သွင်းခွင့်ရမယ်ဆိုတော့ ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရ အနေနဲ့ ဘာမှ မှတ်ချက် မပေးလိုပါဘူး။

ဒါပေမယ့် အမျိုးစောင့် ဥပဒေတင် မဟုတ်ဘူး။ ကျန်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ကြပါ။ လယ်ယာမြေဥပဒေ ပြင်ကြပါ။ အီလက်ထရောနစ် ဥပဒေ ပြင်ကြပါ။ ဒီလိုပြောနေကြတာဟာ ပါ့ဗလစ်ဒီဗီတ် အဆင့်ပဲ ရှိသေးတယ်။ ဥပဒေကြမ်းအဖြစ် တင်သွင်းလာတယ်။ အစိုးရအဖွဲ့ကနေ ပြောဆိုရမယ့် အချိန်ရောက်လာရင်တော့ ထုတ်ဖော်ပြောဆိုသွားမှာပါ” ဟု ယင်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် အခြေခံဥပဒေတွင် ပြဌာန်းထားသော ပုဒ်မ ၃၆၄ ကို ချိုးဖောက်သည်ဟု သံသယရှိပါက သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းများ၊ ဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများကို တိုင်ကြားနိုင်ကြောင်း သိရသည်။

ရည်မွန်
@ မြန်မာ့ခေတ် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်