Monday, July 01, 2013

သံတွဲမြို့တွင် အကြမ်းဖက်မှု ဖြစ်ပွား၍ ညမထွက်ရ အမိန့်ထုတ်

Posted by drmyochit Monday, July 01, 2013, under | No comments

နိရဉ္စရာ June 30, 2013 at 10:06 pm

June 30, 2013 at 10:06 pm
June 30, 2013 at 10:06 pm
June 30, 2013 at 10:06 pm
ရခိုင်ပြည်နယ် သံတွဲမြို့တွင် ယနေ့ ညနေပိုင်းက အကြမ်း ဖက်မှု  ဖြစ်ပေါ်ခဲ့သဖြင့် ယခုအခါ ညမထွက်ရ အမိန့် ထုတ်ပြန် လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

thaandwe“ ဘယ်က စဖြစ်လည်းဆိုတော့ တောင်ကုတ်က မိန်းကလေး တစ်ယောက်ကို သံတွဲ စပယ်လမ်းက မူဆင်နှစ်ဦး ကနေ မုဒိန်းကျင့်လိုက်တယ် ဆိုပြီး သတင်းထွက်ပေါ်လာ ရာကနေ စဖြစ် တာ ပါ။ အမျိုးသမီး နာမည်တော့မသိဘူး။ မုဒိန်းကျင့်တယ်လို့ စွပ်စွဲခံရတဲ့ မူဆလင် တစ်ယောက်ကိုတော့ ရဲစခန်းမှာ ဖမ်းမိ ထားပြီး နောက်တယောက်တော့ လွတ်နေသေးတယ်” ဟု သံတွဲမြို့ခံ တစ်ဦးကပြောသည်။

ယခုကဲ့သို့ ရခိုင်အမျိုးသမီးငယ်တစ်ဦး မုဒိန်းကျင့်ခံသည့်သတင်းမှာ ချက်ချင်းပျံ့နှံ့သွားပြီး သံတွဲမြို့တွင် အုပ်စု လိုက် တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်းသိရသည်။

ယနေ့ဖြစ်ပွားသည့် ဆူပူမှုမှာ ညနေ ၅ နာရီခန့်တွင် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ညနေ ၇ နာရီခန့်တွင် အပြန်အလှန် တိုက်ခိုက်မူများ ဆက်လက်  ဖြစ်ပွားနေကြောင်း သိရသည်။

နှစ်ဘက်တိုက်ခိုက်မှုများကြောင်း မြို့စွန် ရပ်ကွက်များထဲမှ စားသောက်ဆိုင် ၂ ဆိုင် ပျက်ဆီးသွားပြီး ကားဂိတ် ၂ ခုတွင်လည်း ပျက်စီးမှုတချို့ရှိကြောင်း သိရသည်။

ညနေ ၉ နာရီခန့်တွင် တစ်ခြားသံတွဲမြို့ခံ တစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ ယခုအခါ တပ်က ရောက်ရှိနေပြီး သံတွဲမြို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း ပြောဆိုသည်။

တချို့နေရာများတွင် မီးစတင်လောင်ကျွမ်းနေကြောင်းပြောဆိုသော်လည်း အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ယနေ့ဖြစ်ပွားသည့် သံတွဲဆူပူမှုမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း အုပ်စုလိုက် ဆူပူမှုဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်တွင် တည်ငြိမ်စပြုနေရာမှ နောက်ထပ်အုပ်စုလိုက် ဆူပူမှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

မောင်အေး
From: narinjara

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်