မြန်မာနိုင်ငံမှာ အစ္စလာမ်ဘဘာသာဝင်များ နှိမ်နင်းရေးကို တားဆီးဖို့ ပိုမို ပြင်းထန်းတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့နဲ့ ပြစ်မှုကျူးလွန်ခဲ့သူတွေကို တရားစီရင်ဖို့ မလေးရှား နိုင်ငံက မြန်မာ နိုင်ငံကို တောင်းဆို ခဲ့ပါတယ်။
မလေးရှားနိုင်ငံရောက် မြန်မာတွေအချင်းချင်းကြား တိုက်ခိုက်မှုတွေရှိခဲ့တဲ့အတွက် မလေးရှားရဲကလည်း မြန်မာနိုင်ငံသားအတော်များများကို ဖမ်းဆီးခဲ့
Brunei နိုင်ငံမှာကျင်းပ နေတဲ့ ASEAN အရှေ့တောင်အာရှ နိုင်ငံများ အသင်း ရဲ့ နိုင်ငံခြားရေး ဝန်ကြီး တွေ အစည်း အဝေးမှာ မလေးရှားနိုင်ငံက မြန်မာ နိုင်ငံကို ဒီ အရေး ကိစ္စနဲ့ ပတ်သက်ပြီး ထင်သာမြင်သာ ရှိအောင် လုပ်ကိုင်ဆောင်ရွက်ဖို့ တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။
မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Anifah Aman က မြန်မာအစိုးရ အနေနဲ့ ဒီပြဿနာကို ဖြေရှင်းရမယ် - အင်မတန်မှ ရှုပ်ထွေးတဲ့ ပြဿနာဖြစ်တယ် ဆိုတာကိုလဲ နားလည်တဲ့အကြောင်း ထင်သာမြင်သာနဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို တရား စီရင်ဖို့လိုအပ်တယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
မြန်မာ အစိုးရ အနေနဲ့ ဒီကိစ္စကို အရေးတယူ ဆောင်ရွက်နေတာကိုလဲ ကျေနပ်တယ်လို့ ပြောသွားပါတယ်။
ဒါပေမဲ့ Organisation of the Islamic Conference (OIC) အဖွဲ့ အနေနဲ့ မြန်မာ အစိုး ရ လုပ်ဆောင်သင့်တာတွေ လုံလောက်အောင် မဆောင်ရွက်တဲ့အတွက် စိုးရိမ်မကင်း ဖြစ်နေတယ် လို့လဲ ပြောသွားပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး က OIC အစ္စလံဘာသာဝင်များ အသင်းကို မြန်မာ နိုင်ငံ ဝင်ရောက်ဖို့ အပြည့်အဝ ကူညီ ပူးပေါင်းဆောင် ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွါးခဲ့ တဲ့ ပဋိပက္ခတွေကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ လှေတွေနဲ့ ရော ကုန်းလမ်း ကနေ တဆင့်ပါ အစ္စလာမ် ဘာသာ ကြီးစိုးတဲ့ မလေးရှား နိုင်ငံကို ထွက်ပြေး ခိုလှုံ ခဲ့ကြပါတယ်။
ကုလသမဂ္ဂရဲ့ စာရင်းကောက်တမ်းအရ မလေးရှား နိုင်ငံမှာ ရိုင်ဂျာ လူမျိုး ၂၈၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။
မကြာသေးခင်က မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံမှာ မြန်မာ ဗုဒ္ဓဘာသာတွေနဲ့ ရိုဟင်ဂျာတွေ ကြား ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့အတွက် မြန်မာ ပြည်တွင်းပြဿနာဟာ ဒေ သတွင်းကို ပြန့် လာပြီး၊ မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံများ ကြားတင်းမာမှု လက္ခဏာတွေ စဖြစ်လာ နေ ပြီလို့ဆိုပါတယ်။
From: ABC Radio Australia
Time in Rangoon


0 comments:
Post a Comment