Thursday, July 18, 2013

KIA မှ လူသစ် (၉၀) ဦးအား အတင်း အဓမ္မ စုဆောင်းသော်လည်း မည်သူမှ မပြောရဲ

Posted by drmyochit Thursday, July 18, 2013, under | No comments

၂၀၁၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁ နာရီ အချိန်တွင် ကေအိုင်အေ တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း (၁၄) မှ အင်အား ၁၀ ဦးခန့်သည် လက်နက် အပြည့်အစုံဖြင့် တနိုင်းမြို့နယ် အနောက်ဘက် ၁၀ မိုင် အကွာ ပယင်းတောင် သို့ သွားရောက် အလုပ် လုပ်ကိုင်နေသူများအား ဧည့်စာရင်း စစ်ဆေးမည်ဟု ပြောပြီး လူဦးရေ (၆၀) ဦးခန့်အား ကေအိုင်အေ တပ်ရင်း (၁၄)သို့ ဖမ်းဆီး ခေါ်ဆောင် သွား ကြောင်း ၊ ထို့ အပြင် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃ ရက် ည ၁၁ နာရီ အချိန်ခန့်တွင် ကေအိုင်အေ (၁၅) ဦးသည် ပယင်းတောင်သို့ ထပ်မံ ရောက်ရှိ လာပြီး အလုပ်လုပ်ကိုင်သူ ၃၀ ဦးအား ထပ်မံ ဖမ်းဆီး သွားကြောင်း ပယင်းတောင်တွင် အလုပ်လုပ်ကိုင်သူ ဦးဆန်းလှိုင်၊ ကျောက်တော်မြို့နယ်တွင် နေထိုင် သူမှ တနိုင်းရဲစခန်းသို့ လာရောက် တိုင်ကြားသွားကြောင်း သတင်းရရှိပါသည်။

ယခုအချိန်တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေ သော်လည်း လူသစ်များ ယခင်ထက် ပိုမို များပြား စွာ စုဆောင်းနေခြင်းမှာ သံသယ ဖြစ်စရာ ကောင်းကြောင်းနှင့် ဒေသခံ လူများလည်း အလွန် စိုးရိမ် ထိန့်လန့်လျက် ရှိကြောင်း သိရှိရပါသည်။


အဆိုပါ အတင်း အဓမ္မ စုဆောင်းမှုအား ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးအုန်းမြင့် တို့ခေါင်းဆောင် ပြု လုပ်နေသော ငြိမ်းချမ်း ဆောင်ရွက်မှု အဖွဲ့သို့ တင်ပြ ထားသော်လည်း မည်သို့မှ မထူးကြောင်း၊ သူရ ဦးရွှေမန်း ဦးဆောင်သော လွှတ်တော်သို့ ဆက်လက် တင်ပြ သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါသည်။

နေမင်းမောင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်