ဇာတ်မတူသည့် မိသားစုနှစ်စုမှ လက်ထပ်ရန်ရည်စူးထားသော ချစ်သူ စုံတွဲတစ်တွဲကို သတ်ဖြတ်မှုဖြင့် အိန္ဒိယနိုင်ငံ ဟာရာနာပြည်နယ်တွင် လူလေးဦးကို ရဲကဖမ်းဆီးထား ကြောင်း ဘီဘီစီသတင်းတွင် စက်တင် ဘာ ၁၉ ရက်က ဖော်ပြသည်။
ရိုဟတိတ်ခ်ျ ခရိုင်အတွင်း အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသားကို ထုရိုက်ကန်ကျောက် ခေါင်းဖြတ် သတ်ပြီး ချစ်သူ အသက် ၂ဝ ရှိ မိန်းကလေးတို့ သတ်ဖြတ်ခံခဲ့ရသည် ဟု ရဲဌာန၏ ပြောကြားချက်အရ သိရသည်။
မိန်းကလေးဖြစ်သူ၏ မိဘနှစ်ပါး နှင့်အစ်ကိုတော်သူတို့အပြင် အခြား သူတစ်ဦး တို့ကိုပါ အဆိုပါလူသတ်မှုနှင့် ပတ်သက်၍ ဖမ်းဆီးထားကြောင်း၊ ¤င်းတို့က မည်သည့် ထင်မြင်ချက်မှ မပေးကြောင်း ဘီဘီစီ သတင်းဌာနသို့ ရဲဝန်ထမ်းများက ပြောကြားသည်။
သတ်ဖြတ်ခံလိုက်ရသည့် ချစ်သူ စုံတွဲသည် မိန်းကလေးရှင် မိသားစုက သဘောမတူ ကန့်ကွက်သည့် ကြားမှ လက်ထပ်ရန်စီစဉ်ကြသည့် ကောလိပ် ကျောင်းသား ကျောင်းသူ စုံတွဲဖြစ် သည်။
အဆိုပါအမှုနှင့် ပတ်သက်ပြီး အမျိုးသား မိသားစုဘက်မှ ရဲဌာန နှင့် ဆက်သွယ် အကြောင်းမကြားခြင်း ကိုလည်း စုံစမ်းစစ်ဆေး နေကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
Saturday, September 21, 2013
ဇာတ်မတူသည့် ချစ်သူစုံတွဲ လက်ထပ်ရန်စီစဉ်၍ မိန်းကလေးရှင် မိသားစုဘက်က သတ်ဖြတ်
Posted by drmyochit
Saturday, September 21, 2013, under နိုင်ငံတကာသတင်းများ | No comments
Time in Rangoon


0 comments:
Post a Comment