Saturday, September 21, 2013

ယုဇနဥယျာဉ်မြို့တော်အတွင်းမှ လူမနေသည့် တိုက်ခန်းများအမည်ဖြင့် မဲပေါက် နေသည့်ကိစ္စကို လွှတ်တော်တွင် မေးမည်

Posted by drmyochit Saturday, September 21, 2013, under | No comments


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊အမှတ် (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့ တော်၌ (CDMA-800) တန်ဖိုး နည်းဖုန်းများသည် လူမနေသည့် တိုက်ခန်းများအမည်ဖြင့် မဲပေါက် နေသည့်ကိစ္စကို လာမည့်ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေး သွားမည်ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

““သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်တွေက အရွေး အကောက်ခံရပြီးရင် သက်ဆိုင် ရာ မဲဆန္ဒနယ်ရဲ့လူထုကိစ္စတာဝန် တွေကို လုပ်ပေးရမယ်”” ဟု ၎င်း ကပြောသည်။
““ကျွန်တော်တို့အခုလုပ်ပေး နေတာကတော့ ကျွန်တော်တို့ အကန့်အသတ်ရှိပေမဲ့ ဒဂုံဆိပ် ကမ်းမှာ ဘာပြောပြောကျွန်တော် တို့ပါတီရုံးခွဲဖွင့်နိုင်တဲ့အတွက် ဒဂုံ ဆိပ်ကမ်းကလူထုရဲ့အခက်အခဲ တွေကို ကျွန်တော်တို့ဖြေရှင်းပေး နိုင်တာပါ။ အဲဒီတော့ သမ္မတကြီး ပြောနေတဲ့ ပြုပြင်ပြောင်းလဲရေး အောက်ခြေကိုရောက်လား၊မရောက် ဘူးလားဆိုတာ တကယ်မြို့နယ် တွေ၊ ရပ်ကွက်တွေမှာဖြစ်နေတဲ့ လူထုပြဿနာတွေကနေအဆုံး အဖြတ်ပေးမှာပါ။

  ကျွန်တော်တို့ ပါတီအနေနဲ့ရော၊ကျွန်တော့်အနေ နဲ့ရော၊ ကျွန်တော်တို့လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ရော တင်ပြထားတဲ့လူထုအခက်အခဲကို ကျွန်တော်မှတ်ထားမှာပါ။ ဖုန်း ကိစ္စက (၅) လ၊ (၆) လကြာပြီ။ အရေးမယူဘူး။ ဒါကြောင့် လွှတ်တော်မှာကြယ်ပွင့်ပြမေးခွန်း မေးပေးပါမယ်။ရပ်ကွက်အုပ်ချုပ် ရေးမှူးရဲ့ ကျင့်ဝတ်နဲ့မညီတဲ့ဟာ ကတော့အခုဥပဒေအရကိုသူ့ကို ဖြုတ်နိုင်တယ်။ တာဝန်ကရပ်နိုင် တယ်။ အဲဒီလိုလုပ်ဖို့ ဥပဒေနည်း လမ်းနဲ့အညီဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ပါတီအနေနဲ့ လွှတ် တော်ကိုယ်စားလှယ်များအနေနဲ့ ဆောင်ရွက်ပေးပါမယ်”” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်း ညွန့်က ထပ်မံပြောသည်။

ယဉ်ပပထွန်း-ညီညီအောင်
HOT NEWS

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်