Friday, September 06, 2013

အသားဖြူဆေးက အရေးပြားကင်ဆာနှင့် အမြင်အာရုံ ထိခိုက်ခြင်းများ ဖြစ်စေနိုင်

Posted by drmyochit Friday, September 06, 2013, under | No comments


လူမှုမီဒီယာများတွင် ကျယ်ပြန့်စွာ ကြော်ငြာနေသော အသားဖြူဆေးနှင့် လိမ်းဆေးကရင်မ်များသည် မျက်စေ့အမြင် ကွယ်စေမှု (သို့မဟုတ်) အရေးပြားကင်ဆာကဲ့သို့ ရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း ထိုင်းအစိုးရ ကျန်းမာရေး ၀န်ကြီးဌာနမှ အရေပြားရောဂါ ပညာရှင်တစ်ဦးက ပြောကြားလိုက်သည်ဟု သိရသည်။

ထိုင်းပြည်သူ့ကျန်းမာရေး ၀န်ကြီးဌာန၏ အရေပြားရောဂါဆိုင်ရာ အင်စတီကျူ၏ ဒါရိုက်တာဂျင် ဒါရော်ဂျန်နတ်မသင်က အရေးပြားကို ဖြူဖွေးရန် ဖန်တီးပေးသည့် ယင်းအသားဖြူဆေးလုံး၊ အရည်နှင့် အလှကုန် လိမ်းဆေး ပစ္စည်းများတွင် AHA ခေါ် Alpha Hydroxyl Acid များပမာဏ မြင့်မားစွာ ပါဝင်နေပြီး အရည်အချင်း ပြည့်ဝကာ ကျွမ်းကျင်သည့် အရေးပြားရောဂါကု ဆရာဝန်များ၏ ညွှန်ကြား ချက်ဖြင့် သာ သုံးစွဲသင့်ကြောင့်ပြောသည်။

ဆရာဝန်တစ်ဦးလည်းဖြစ်သည့် ဒေါက်တာဂျင်ဒါက အသားဖြူဆေးဟုခေါ်သည့် ဆေးများသည် အရေးပြား ပူစပ်မှု၊ မီးလောင်ကွက် (သို့မဟုတ်) အရေပြားအလွှာ ကွာခြင်းကဲ့သို့ အတွေ့အကြုံများ ဖြစ်နိုင်ပြီး ထိုဆေး လိမ်းတတ်သူများသည် နေရောင်ခြည် ထိုးသည်ကို ခံနိုင်ရည် နည်းပါးလွန်းသည့် အရေပြားပိုင်ရှင်များ ဖြစ်လာနိုင်ကြောင်း ပြောသည်။

ထို့အပြင် အသားဖြူဆေးများသည် ကာလအတိုင်းအတာ တစ်ခုထက် ပို၍ သုံးစွဲလျှင် အရေးပြားကင်ဆာလည်း ဖြစ်နိုင်ပြီး မျက်လုံးနှင့် နီးသည့် နေရာများတွင် သုံးစွဲမှု ပြုလုပ်ပါက အမြင်အာရုံ ကွယ်စေနိုင်ကြောင်း သိရပါသည်။ အသားဖြူချင်တဲ့ လှချင်ရက် စက်စက်ယိုတွေ ဆင်ခြင် နိုင်စေဖွယ်ရာ တင်ပြလိုက်ရပါသည်။

Myanmar ICT

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်