တာလီဘန်အကြောင်းကို စာအုပ် ရေးသားထုတ်ဝေခဲ့တဲ့ အိန္ဒိယအမျိုးသမီးတဦးကို တာလီဘန် စစ်သွေးကြွ အဖွဲ့တွေ လို့ ယူဆရတဲ့ အဖွဲ့တဖွဲ့ကနေ ပါကစ္စတန်မှာ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၄၉နှစ်အရွယ် Sushmita Banerjee ဆိုတဲ့ စာရေးဆရာမဟာ ၁၉၉၀ ပြည့်နှစ်က တာလီဘန်တွေ လက်ထဲကနေ သူမ ဘယ်လိုထွက်ပြေးလာခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေကို စာအုပ်ရေးသားထုတ်ဝေခဲ့ပြီး အဲဒီစာအုပ် အတော်လေး ရောင်းရခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံက ရဲတွေရဲ့အဆိုရ Sushmita Banerjee ဟာ ပါကိစ္စတန် အရှေ့ဖက်ပိုင်းမှာ ရှိတဲ့ သူမရဲ့ အမျိုးသားနေ အိမ်ကနေ ဗုဒ္ဓဟူးနေ့ညမှာ တာလီဘန် စစ်သွေးကြွအဖွဲ့တွေက သူ့ကိုဆွဲခေါ်သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီကနေပြီးတော့ သူ့ကို အချက်ပေါင်းများစွာ သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး သူမရဲ့အလောင်းကို ဒေသထဲက ဘာသာရေးကျောင်းနဲ့နီးတဲ့ လမ်းဘေးတနေရာမှာ ပစ်ထားခဲ့တာဖြစ်ပါတယ်။ ကြာသာပတေးနေ့ မနက်မှာမှ သူ့မရဲ့အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
Sushmita Banerjee ရေးသားထုတ်ဝေခဲ့တဲ့စာအုပ်ဟာ (Kabuliwala’s Bengali Wife) လို့ အမည်ရပြီး ၂၀၀၃ခုနှစ်က သူ့ရေးသားတဲ့စာအုပ်ကို Bollywood ရုပ်ရှင်တကားရိုက်ကူးခဲ့တယ်လို့ လည်းသိရပါတယ်။ သူအခု ပစ်သတ်ခံရတဲ့အကြောင်းအရင်းဟာ သူရေးသားခဲ့တဲ့ စာအုပ်ကြောင့် ဖြစ်နိုင်တယ်လို့ ရဲတွေက ခန့်မှန်းထားပါတယ်။
ABC Radio Australia
0 comments:
Post a Comment