Friday, September 06, 2013

ကန့်ဘလူဆူပူမှုဖြစ်စေသော အမျိုးသမီးအား အဓမ္မကျင့်ရန်ကြံစည်မှု စီရင်ချက်ချပြီ

Posted by drmyochit Friday, September 06, 2013, under | No comments

ကန့်ဘလူမြို့နယ်၊ ထန်းကုန်းရွာတွင် လူအုပ်စုနှစ်ခုအကြားပဋိပက္ခများဖြစ်ပွားမှုကိုစတင်စေခဲ့သည့် အမျိုးသမီး တစ်ဦးကို အဓမ္မကျင့်ရန်ကြံစည်မှုနှင့် ပတ်သက်၍ တရားစွဲခံရသူများကို စက်တင်ဘာ ၄ ရက် တွင် မြို့နယ်တရားရုံးက စီရင်ချက်ချမှတ်လိုက်ပြီဖြစ်သည်။

သြဂုတ် ၂၄ ရက်က ဖြစ်ပွားခဲ့သည့် ထိုကိစ္စကို ၁၂ ရက်အကြာတွင် တရားရုံးကစီရင်လိုက်ခြင်းဖြစ်ပြီး တရားခံ ကိုဆန်းမင်းဦး(ခ) လွှတ်ခမန်းကို ထောင်ဒဏ်ခုနစ်နှစ် တရားရုံးကအပြစ်ပေးလိုက်သည်။

၎င်းသည် သူ့ကို စွဲဆိုထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေ ၃၅၄ ကြောင့် ထောင်ဒဏ်နှစ် နှစ်နှင့် ပြစ်မှုဆိုင်ရာဥပဒေ ၃၇၆ ကြောင့် ထောင်ဒဏ်ငါးနှစ်သီးခြားစီကျခံရမည်ဟု တရားသူကြီး ဦးငွေထွန်းက အမိန့်ထုတ်သည်။

ထိုသူကိုတရားစွဲထားသည့် တရားလိုမှာ စခန်းမှူးရဲအုပ် ၀င်းမြင့်ဖြစ်ပြီး ဇီးကုန်း ရဲစခန်းတွင် အမှုဖွင့်ပြီး ကန့်ဘလူ တရား ရုံး၌ အမှုရင်ဆိုင်ခြင်းဖြစ်သည်။

တရားရုံးက အမိန့်ချပြီးသည်နှင့် ကိုဆန်းမင်းဦးကို ဇီးကုန်းရဲစခန်းမှ ဒု-ရဲ အုပ်တစ်ဦး ဦးဆောင်သည့် ရဲတပ်ဖွဲ့ က ကားဖြင့်တင်ကာ မန္တလေးထောင်သို့ ပို့ဆောင်ခဲ့သည်။

Source : Mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်