Monday, September 16, 2013

နျူစွမ်းအင်သုံးစွဲမှု လုံးဝကင်းရှင်းသော နိုင်ငံအဖြစ် ဂျပန် ပြန်လည်ရပ်တည်

Posted by drmyochit Monday, September 16, 2013, under | No comments

ဂျပန်နိုင်ငံတွင် နောက်ဆုံးလည်ပတ်နေသည့် နျူကလီးယား ဓာတ်ပေါင်းဖိုကြီး (၂)ခုကို ပိတ်ပစ်မည်ဟု ကြေညာခဲ့ပြီးနောက် အစီအစဉ်အတိုင်း လက်တွေ့ လုပ်ဆောင်ခဲ့ရာ တနင်္ဂနွေနေ့က ဒုတိယ ဓာတ်ပေါင်းဖိုကို ပိတ်သိမ်းမှုများ စတင်လုပ်ဆောင်ခဲ့


ဂျပန်နိုင်ငံသည် ဆယ်စုနှစ် အတော်များများအတွင်း နျူကလီးယား စွမ်းအင် အသုံးပြုမှု လုံးဝဥဿုံ ကင်းရှင်းသည့် အခြေအနေသို့ တစ်ကျော့ပြန် ရောက်ရှိလာကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံတွင် နောက်ဆုံးလည်ပတ်နေသည့် နျူကလီးယား ဓာတ်ပေါင်းဖိုကြီး (၂)ခုကို ပိတ်ပစ်မည်ဟု ကြေညာခဲ့ပြီးနောက် အစီအစဉ်အတိုင်း လက်တွေ့ လုပ်ဆောင်ခဲ့ရာ တနင်္ဂနွေနေ့က ဒုတိယ ဓာတ်ပေါင်းဖိုကို ပိတ်သိမ်းမှုများ စတင်လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် တတိယ အကြီးမားဆုံး စီးပွားရေး အင်အားစုကြီးအဖြစ် ရပ်တည်နေသော နိုင်ငံသည် နျူကလီးယား စွမ်းအင်ကို လုံးဝ မမှီခိုဘဲ အနာဂတ် ရှေ့ဆက်တော့မည် ဖြစ်သည်။ (၂၀၁၁)ခုနှစ်၊ မတ်လက ဖူကူရှီးမား ဓာတ်ပေါင်းဖို ယိုစိမ့်မှုနောက်ပိုင်း နိုင်ငံအတွင်းရှိ နျူကလီးယား စွမ်းအင်ထုတ်လုပ်ရေး ကဏ္ဍကို လုံခြုံရေးအရ ပြန်လည် စီစစ်ရန် တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့သည်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက နိုင်ငံအတွက် နျူကလီးယား စွမ်းအင် ဆက်လက် အသုံးပြုရန် အလေးအနက် ထောက်ခံထားသော်လည်း ပြည်သူအများစုက ဖူကူရှီးမား ပြဿနာနောက်ပိုင်း ယင်းကဏ္ဍတွင် ကန့်ကွက်မှု အားကောင်းလာခဲ့သည်။ ဖူကူရှီးမားတွင် ငလျင်နှင့် ဆူနမီ ရေလှိုင်းများ နောက်ဆက်တွဲအဖြစ် ဖူကူရှီးမားဒိုင်ချီ ဓာတ်ပေါင်းဖိုကြီး ယိုစိမ့်ခဲ့ပြီး ယင်းဖြစ်ရပ်သည် (၁၉၈၆)ခုနှစ်၊ ချာနိုဘိုင်းလ် ပြဿနာနောက်ပိုင်း အကြီးကျယ်ဆုံး နျူကလီးယား ကပ်ဆိုးလည်း ဖြစ်လာသည်။

တနင်္ဂနွေနေ့တွင် ကန်ဆိုင် လျှပ်စစ်ဓာတ်အား ဌာနသည် ဖူကူအိုင်ရှိ အွိုင်ဓာတ်အားပေး စက်ရုံမှ ဓာတ်ပေါင်းဖို အမှတ်(၄)ကို အဆင့်ဆင့် စတင်ပိတ်ချခဲ့ကြောင်း သိရသည်။ ပိတ်ဆို့မှု ဖြစ်စဉ်သည် တနင်္လာနေ့ နံနက်ထိ အချိန်ယူခဲ့ရသည်။ ဂျပန်သည် (၂၀၁၂)ခုနှစ်၊ မေလကတည်းက နျူကလီးယား ဓာတ်ပေါင်းဖိုများကို တစ်ခုချင်းစီ ပိတ်ခဲ့ပြီး ယခုအခါ စီးပွားဖြစ် ဓာတ်ပေါင်းဖိုကြီး (၅၀)လုံး ရပ်ဆိုင်းနေပြီ ဖြစ်သည်။ အဆိုပါ ဓာတ်ပေါင်းဖို အားလုံးတွင် လုံခြုံရေးစံနှုန်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။ ဂျပန်နိုင်ငံတွင် နျူကလီးယား စွမ်းအင်ကို လုံးဝ မမှီခိုခြင်းသည် ဒုတိယအကြိမ်မြောက် ကြုံရခြင်းဖြစ်ပြီး ယခုတစ်ကြိမ်သည် နှစ်ပေါင်း(၄၀)မျှအတွင်း ပထမဆုံးအကြိမ်ဟုလည်း သိရှိရသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်