Monday, September 16, 2013

ဝန်ကြီး ဦးတင့်ဆန်းအမှု ဆက်လက်စစ်ဆေးရန် သင့်မသင့် စက်တင်ဘာ ၂၆ တွင် အမိန့်ချမည်

Posted by drmyochit Monday, September 16, 2013, under | No comments

ရန်ကုန် ၊ စက်တင်ဘာ ၁၅

အား ကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်း မြေအရောင်း အဝယ်ကိစ္စနှင့်စပ်လျဉ်းသည့် တရား မမှုကို ဆက်လက်စစ်ဆေးရန် သင့် မသင့်ကို စက်တင်ဘာ၂၆ရက်တွင် မန္တလေးတိုင်းဒေသကြီး တရား ရုံး တွင် အမိန့်ချမှတ်သွားမည်ဖြစ် ကြောင်း ယင်းအမှုကိုစစ်ဆေးနေ သော မန္တလေးတိုင်းဒေသကြီး တရားသူကြီး ဦးကြည်သိန်းက ပြောသည်။

ယင်းအမှုနှင့်ပတ်သက်၍ တရားသူကြီး ဦးကြည်သိန်းက ''ဒီစက်တင်ဘာ၁၂ရက် ရုံးချိန်းက ပဏာမငြင်းချက်ကို နှစ်ဖက်လျှောက် လဲချက်ကြားနာတဲ့ရုံးချိန်းပါ။ အဲ ဒီအပေါ်မှာ တရားဥပဒေနဲ့အညီ ၂၆ရက် အမိန့်ချမယ်။ တရားရုံး အနေနဲ့ ဆုံးဖြတ် ချက် ပေးရမှာပါ။ ဒီအမှုကိုဆက်စစ်ဖို့ သင့် မသင့် အမိန့်ချမှာပါ။ တရားရုံးအနေနဲ့ ဘယ်လိုအမှုမျိုးပဲ ဖြစ်နေပါစေ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း နဲ့အညီလုပ်ရင် အမှုတွေကို လက် ခံစစ်ဆေးပေးပါတယ်။   open court  ပါ။ မည်သူ မဆို လာ ရောက်နားထောင်လို့ရပါတယ်'' ဟု ပြောသည်။

အဆိုပါအမှု အတောအ တွင်း တရားရုံး စစ်ဆေးဆဲဖြစ် သည့် အချင်းဖြစ်ပစ္စည်းကို တရား မဝင်ချုပ်ဆိုခြင်း၊ ကာလတန်ဖိုး ထက်များစွာ လျော့နည်းဖော်ပြ ခြင်း၊ မမှန်မကန် စာချုပ်ချုပ်ဆို ခြင်းတို့ကြောင့် တရားလိုအမှုသည် များ ရသင့်ရ ထိုက်ခွင့်ရှိ သော အ ကျိုးစီးပွားများ နစ်နာဆုံးရှုံးသည့် အတွက် စာချုပ်စာတမ်း ချုပ်ဆို ထားခြင်းမှ တရားမဝင်ကြောင်း ပယ်ဖျက်ပေးစေလိုမှုနှင့် အကျိုး စီးပွားကြားကာလ အမြတ်အစွန်း ရလိုမှု စွဲဆိုထားခြင်းကို မန္တလေး တိုင်းဒေသကြီး တရားရုံး မှ ဥပ ဒေနှင့်အညီ အမိန့်ချသွားမည် ဖြစ်ကြောင်း၊ အဆိုပါအမှုတရား လို ဦးစိုးဝင်းမိုးက ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက် ၍တရားပြိုင်ဦးတင့်ဆန်း၏ကိုယ် စားလှယ်တစ်ဦးဖြစ်သူ ဦးချစ်မြင့် က ''ကျွန်တော်တို့အနေနဲ့ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးရဲ့ အဆုံးအဖြတ်ကိုပဲ ခံယူသွားမှာ ပါ။ ဘာမှပြောစရာမရှိပါဘူး'' ဟု မန္တလေးတိုင်း ဒေ သကြီး တရားရုံး တွင် စက်တင်ဘာ ၁၂ ရက် အဆို ပါ အမှုရုံးချိန်းတွင် ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။

ကျော်မြတ်ဇံ
Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်