![]() |
| အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် |
တရုတ် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ သည် ပွင့်လင်းမှုမရှိကြောင်း အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်ပြောကြားသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိ နေသည့် တရုတ်ပြည် သူ့ သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေး မူဝါဒအကြံပေး ကော်မတီအဖွဲ့ဝင် မစ္စတာဝမ် ယင်ဖန်နှင့် တွေ့ဆုံစဉ် ယင်းသို့ ဝေဖန် ပြောကြားခဲ့ခြင်းဖြစ်သည် ဟု မစ္စတာဝမ်ယင်ဖန်က ရန်ကုန် တိုင်းမ်သို့ ပြောသည်။
မစ္စတာ ဝမ်ယင်ဖန် သည် ဒေါ်အောင်ဆန်းစုကြည်နှင့် မည် သည့်နေ့က တွေ့ဆုံခဲ့သည်ကို ပြောဆိုခြင်းမရှိခဲ့သော်လည်း ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့သည်ကို အတည်ပြုပြောကြားခဲ့သည်။
''ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခဲ့ပါတယ်။ သူက တရုတ် စီးပွားရေးလုပ်ငန်းတွေဟာ ပွင့် လင်းမှုမရှိဘူးလို့ ဝေဖန်ခဲ့တယ်။ သူပြောတာက တစ်ခုခုလုပ်ရင် ပြည်သူတွေကို ပြောဖို့ပါ။ ပြည် သူတွေ သိနားလည်သွားရင် သ ဘောတူမှာပါတဲ့။ စီမံကိန်း တွေ လုပ်ရင် ပြည်သူတွေအတွက် ဘာ တွေအကျိုးရှိအောင် ဆောင်ရွက် ပေးနိုင်မလဲဆိုတာ ပြည်သူတွေ ကို မြင်တွေ့စေရပါမယ်။ ဒါဟာ သိပ်အရေးကြီးတယ်လို့ ပြောခဲ့ ပါတယ်''ဟု မစ္စတာဝမ်ယင်ဖန် ကပြောသည်။ မစ္စတာဝမ်၏ မြန်မာနိုင်ငံ ခရီးသည် အစိုးရနှင့် ကေအိုင်အေ တို့၏ ငြိမ်းချမ်းရေးစာချုပ် ချုပ် ဆိုနိုင်ရေးအတွက် ကူညီဆောင် ရွက်ရန် လာရောက်ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများအ ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း သီးခြားတွေ့ ဆုံခဲ့ သည်။
''ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်နိုင်ငံကို အလည် လာနိုင်မနိုင်ဆိုတာ ကျွန်တော် အတိအကျ မပြောနိုင်သေးပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲပြီးမှလား။ ဒါမှမဟုတ် မပြီးသေးမီလား မ ပြောနိုင်သေးပါဘူး''ဟု ယင်းက ဒေါ်အောင်ဆန်းစု ကြည် ၏တရုတ် နိုင်ငံ အလည်အပတ်ခရီးစဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ဥရောပငါးနိုင်ငံခရီးစဉ် သွားရောက်နေပြီး တရုတ်နိုင်ငံ သို့ မကြာမီ အလည်အပတ်သွား နိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများ ရှိနေသ လို မစ္စတာဝမ်နှင့် တွေ့ ဆုံခဲ့မှုအပေါ် တရားဝင်သတင်း ထုတ်ပြန်မှုမရှိခဲ့ပေ။ မစ္စတာဝမ်သည် မကြာ သေးမီက မြန်မာနိုင်ငံသို့ လာ ရောက်ခဲ့ဖူးပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိ ရကာ မြန်မာနိုင်ငံမှ အပြန်တွင် လိုင်ဇာသို့ သွားရောက် ၍ ကေ အိုင်အေ အကြီးအကဲများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
ဗညားဦး
Yangon Media Group
Time in Rangoon


0 comments:
Post a Comment