Monday, September 16, 2013

ပေါ်ပြူလာနယူးစ်ဂျာနယ်အယ်ဒီတာချုပ်နေအိမ်မှ ပစ္စည်းခိုးယူခံရမှုဖော်ထုတ်

Posted by drmyochit Monday, September 16, 2013, under | No comments


၁၂.၉.၂၀၁၃ရက်နေ့ ၂၂၀၀အချိန် အလုံမြို့နယ်နေပေါ်ပြူလာနယူးစ်ဂျာနယ်အယ်ဒီတာချုပ် ဦးဖိုးနိုင်လင်းသည် နေအိမ်၌
အလုပ်ကိစ္စများဆောင်ရွက်ပြီး အိပ်ယာဝင်ခဲ့ရာမှ ၁၃.၉.၂၀၁၃ရက်နေ့
၀၃၀၀ အချိန်ခန့်တွင် ဦးဖိုးနိုင်လင်း၏ဇနီးမှ အိပ်ယာမှနိုးစဉ် အခန်းရှိပစ္စည်းများအား စစ်ဆေးကြည့်ရာ စားပွဲပေါ်တွင်တင်ထားသည့် ASUS အမျိုးအစား Laptop Computer(၁)လုံး ၊ ဆင်းကဒ်ပါလက်ကိုင် ဖုန်း(၂)လုံး၊ ငွေကျပ်(၅၀၀၀၀)ပါပိုက်ဆံအိတ်(၁)လုံး၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၄၀၀၀၀၀)ခန့်မှာ ပျောက်ဆုံးနေကြောင်း
တွေရှိရသဖြင့် ဦးဖိုးနိုင်လင်းမှစုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ အလုံမြို့မရဲစခန်း(ပ)၂၂၆/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်စုံစမ်း
ဆောင်ရွက်ခဲ့ပါသည်။

အလုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အမှုနှင့်ပတ်သက်၍ စုံစမ်းဆောင်ရွက်ခဲ့ရာ အမှုမှပါဆုံးပစ္စည်းများအား ကျောက်တံတား
မြို့နယ်ရှိ Mobileဖုန်းဆိုင်သို့ လူငယ်(၁)ဦးမှလာရောက်ရောင်းချ သွားကြောင်းသိရှိရသဖြင့် ၄င်းလူငယ်အား စုံစမ်းရှာဖွေခဲ့ရာ သာကေတမြို့နယ်၊ အောင်သပြေလမ်းနေ နေလင်းဦး၊ (ဘ)ဦးဝင်းထွဋ်
ဖြစ်ကြောင်း စိစစ်တွေ့ရှိရ၍ ၎င်းအား ၁၄.၉.၂၀၁၃ရက်နေ့ ၁၅၃၀အချိန်
တွင်ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအားစစ်ဆေးရာ အဆိုပါအမှုအား လမ်းမတော်မြို့နယ်၊
(၃)ရပ်ကွက်နေ အာကာဖြိုး၊(ဘ)ဦးသီဟနှင့်(၂)ဦးအတူကျူးလွန်
ခဲ့ကြခြင်းဖြစ်ကြောင်းစစ်ဆေးသိရှိရသဖြင့် အာကာဖြိုးအား
ဆက်လက်စုံစမ်း ဖမ်းဆီးခဲ့ပါသည်။

အမှုမှ သက်သေခံပစ္စည်းများဖြစ်သည့် ASUS အမျိုးအစား
Laptop Computer (၁)လုံး ၊ ဆင်းကဒ်ပါ လက်ကိုင်ဖုန်း(၂)လုံးတို့အား
ပြန်လည်သိမ်းဆည်းရရှိခဲ့ပြီး နေလင်းဦးနှင့် အာကာဖြိုးတို့အား
အမှုဖြင့်အရေးယူဆောင်ရွက်လျက်ရှိကာ အခြားခိုးမှုများနှင့်
တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်