Friday, September 13, 2013

ကမာရွတ် လှည်းတန်းတွင် ကား ၃၀ ကျော်၏ ဘီးများ တစ်ပြိုင်နက်လေလျှော့ခံရ

Posted by drmyochit Friday, September 13, 2013, under | No comments

စက်တင်ဘာ ၁၁ ရက်ညက ရပ်နားထားသော ကားများ၏ ဘီးများကို ချွန်ထက်သောအရာဖြင့် ထိုးဖောက်လေလျှော့ထားသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ငယ်ထွေး

ရန်ကုန် ၊ ဇူလိုင် (၁၂)

ရန်ကုန် တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်း ရှောက်ပင်ခြံ(၈)ရပ် ကွက်အတွင်းရှိ မင်္ဂလာလမ်း၊ မ ဟာဆိုရှယ်လမ်း၊ အဝေယျာ လမ်း၊ ရတနာလမ်း၊ မဟာဘောဂ လမ်း၊ မာလာလမ်းနှင့် လှည်းတန်း လမ်းမ အပါအဝင် ဦးထွန်းလင်းခြံ လမ်းတို့ရှိ လူနေရပ်ကွက် တိုက် တန်းများရှေ့တွင် ညပိုင်းရပ်နား ထားသော မော်တော်ယာဉ်အစီး ရေ ၃ဝကျော်ခန့်၏ ကားဘီးများ ကို နံနက် ၁နာရီမှ ၃နာရီခန့်အ တောအတွင်း လူတစ်ဦး သို့မဟုတ် လူအုပ်စု တစ်စုတို့ က ချွန်ထက် သောပစ္စည်းများဖြင့် ရည်ရွယ်ချက် ရှိရှိလိုက်လံထိုးဖောက်၍ လေ လျှော့ထားခဲ့ကြောင်း ထိုရပ်ကွက် နေ ကားပိုင်ရှင်များထံမှ သိရသည်။

''ကျွန်တော် နံနက်ထ အ လုပ်သွားဖို့ တိုက်ပေါ်ကဆင်းလာ ပြီးကားကိုကြည့်လိုက်တော့ ဘီး နှစ်ဘီးစလုံး လေလျော့နေတာ တွေ့ ရပါတယ်။ အဲဒါနဲ့ ကျွန်တော့်ညီ ကားကို  ကြည့်လိုက်တော့လဲ ကားဘီးနှစ် ဘီးစလုံးက လေလုံးဝမရှိတော့ဘဲ အချွန် တစ်ခုခုနဲ့ တာယာကိုထိုး ဖောက်ထားတဲ့ ပုံစံမျိုးတွေ့ရပါ တယ်''ဟု လှည်းတန်း မဟာလမ်း မှ ကားပိုင်ရှင် ဦးသန်းဝင်းကပြော သည်။ ကားဘီးများကို ထိုးဖောက် သွားသူဟုယူဆရသူတစ်ဦးကို တွေ့မြင်လိုက်ရသူ ဓာတ်ပုံဆရာ ဦးလှမြင့် က ''လူပုံစံကတော့ ပိန် ပိန်နဲ့ပဲဗျ။ လူငယ်မဟုတ်ရင် လူ လတ်ပိုင်းလောက်ပဲ။ ညက အိပ် မပျော်လို့ ၁နာရီလောက်မှာ အောက်ဆင်းပြီး အလင်းဆိုင်မှာ ကော်ဖီသွားသောက်ဖို့လုပ်တော့ မဟာလမ်းထိပ်မှာ လူတစ်ဦးကို တွေ့ပါတယ်။ ကျွန်တော် ကော်ဖီ သောက်ပြီးပြန်လာတော့ ၂နာရီ လောက်မှာ အဲဒီလူက ကားဘီး တွေကိုစမ်းနေတာ တွေ့ရပါတယ်။ လက်ထဲမှာလည်း ဘာလက်နက် မှ ကိုင်ထားတာတော့မတွေ့ရဘူး။ အဲဒါနဲ့ ကျွန်တော်လဲ ဒီကောင် ရူးနေတာထင် တယ် ဆိုပြီး အပေါ် ပြန်တက်ပြီး အိပ်မယ်လုပ်တော့ ကားတစ်စီးက လုံခြုံရေးအလန်း မြည်သံကိုတော့ ကြားလိုက်ရပါ သေးတယ်''ဟု ပြောသည်။

ထိုကဲ့သို့ အဝေယျာလမ်းရှိ ကားပိုင်ရှင်များကလည်း ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ''ညဉ့်ပိုင်း ၃နာရီလောက်မှာ မီးကပျက်သွား သေးတယ်ဗျ။ နောက်ပြီး မိုးက လဲရွာနေသေးတယ်။ အဲဒီအချိန် မှာ ဒီကောင်တွေ ရည်ရွယ်ချက်ရှိ ရှိနဲ့ အချိန်ကိုက်လုပ်သွားတာဖြစ် မယ်။ တစ်ဦးတစ်ယောက်တည်း တော့မဖြစ်နိုင်ဘူး။ အခုဟာက လမ်းတော်တော်များများကကား တွေ အစီး ၃ဝလောက်ကိုလုပ် သွားတာ''ဟု ဦးသက်နောင်နှင့် ဦးဇော်ဝင်းတို့က ပြောသည်။ ကားဘီးများကို ချွန်ထက် သော အရာတစ်ခုဖြင့် ထိုးဖောက် ခံရပြီး ဘီးတစ်ခုလျှင် သုံးပေါက် မှ ရှစ်ပေါက်အထိ တွေ့ရသဖြင့် ပြန်လည်အသုံးပြုရန် မဖြစ်နိုင် တော့သဖြင့် ကားအများစု၏ တာယာများကို အသစ်ပြန်လည် လဲလှယ်နေရကြောင်း သိရသည်။

လှည်းတန်းတံတားအနီး တွင် ကားဘီးပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်သူ ကိုဇော်သန်းထိုက်က ''ကျွန်တော့်ဆီရောက်လာတာ အခုဆို တာယာအလုံး၂ဝကျော် သွားပါပြီ။ တာယာအားလုံးနီးပါးက အနည်းဆုံး သုံးချက်ကနေ ရှစ် ချက်အထိ ထိုးဖောက်ခံထားရ တာ တွေ့ရပါတယ်။ အများစုက တော့ ပြန်သုံးလို့မဖြစ်နိုင်တော့ တဲ့အခြေအနေဆိုတော့ အသစ် လဲလိုက်ရပါတယ်''ဟုပြောသည်။ ''ပြစ်မှုကျူးလွန်သူကို ရှာ ဖွေဖော်ထုတ်ပြီးတော့ အရေးယူ ဆောင်ရွက်သွားမှာပါ''ဟု ကမာ ရွတ်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ် ထွန်းမင်းအောင်က ပြောသည်။ ယင်းက ဆက်လက်၍''အ ခုလက်ရှိကောက်ယူထားတဲ့စာ ရင်းအရကတော့ စုစုပေါင်း ၂၅စီး ပါ။ ကမာရွတ်မြို့နယ် (၈)ရပ်ကွက် မာလာလမ်း၊ မင်္ဂလာလမ်းတို့မှာ ဖြစ်ပွားခဲ့တာပါ''ဟုပြောသည်။

ငယ်ထွေး(ကလေး)
YMG

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်