Friday, September 13, 2013

CIA က ဆီးရီးယားသူပုန်များထံ ထောက်ပံ့သည့်လက်နက်များ ပထမအသုတ်ရောက်ရှိ

Posted by drmyochit Friday, September 13, 2013, under | No comments

ဝါရှင်တန်ပို့စ် သတင်းစာက CIAသည် ဆီးရီးယား သူပုန်တပ်ဖွဲ့များထံ လက်နက်များ ပထမအသုတ် စတင်ပေးပို့ခဲ့ပြီဟု ဖော်ပြခဲ့ပြီး အမေရိကန် အစိုးရ၏ ထိပ်တန်း အရာရှိ တစ်ဦးက ယင်းကို အတည်ပြုခဲ့သည်။


အမေရိကန် ထောက်လှမ်းရေးဌာန CIAက ဆီးရီးယား သူပုန်များထံ လက်နက်များ စတင်ထောက်ပံ့ခဲ့ပြီဟု အမေရိကန် အရာရှိ တစ်ဦးက ပြောကြားခဲ့သော်လည်း ယင်းကို ဆီးရီးယား သူပုန်များက ငြင်းဆန်ခဲ့သည်။ ဝါရှင်တန်ပို့စ် သတင်းစာက CIAသည် ဆီးရီးယား သူပုန်တပ်ဖွဲ့များထံ လက်နက်များ ပထမအသုတ် စတင်ပေးပို့ခဲ့ပြီဟု ဖော်ပြခဲ့ပြီး အမေရိကန် အစိုးရ၏ ထိပ်တန်း အရာရှိ တစ်ဦးက ယင်းကို အတည်ပြုခဲ့သည်။ အမည်ဖော်မပြသည့် အဆိုပါ အရာရှိက ဝါရှင်တန်ပို့စ် သတင်းစာပါ အသေးစိတ် အချက်အလက်များကို အတည်ပြုချက် ပေးခဲ့သော်လည်း မိမိကိုယ်တိုင် လူသိရှင်ကြား ထုတ်ဖော် ပြောဆိုလိုခြင်း မရှိဟု ဆိုသည်။ "

ဒီကိစ္စဟာ အစိုးရက ဝင်တားမြစ်မယ့် အရာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်တိုင်လည်း လူသိရှင်ကြား စကားပြောနေမှာ မဟုတ်ဘူး"ဟု ၎င်းက ဆိုသည်။ အမေရိကန်တွင် ထုတ်လုပ်သည့် စစ်လက်နက်များကို CIAက ရန်ပုံငွေ ထောက်ပံ့ကာ သမ္မတ ဘာရှာအာဆက်ဒ်ကို တွန်းလှန်နေသည့် ဆီးရီးယား သူပုန်များထံ လွန်ခဲ့သည့် (၂)ပတ်က စတင်ပေးပို့ခဲ့ကြောင်း ဝါရှင်တန်ပို့စ်က ရေးသားခဲ့သည်။ ယင်းတို့အနက် အပေါ့စား တာဝေးပစ် လက်နက်များ၊ ဒုံးကျည်ဖျက် လောင်ချာနှင့် ကျည်ဆန်များ ပါဝင်ကြောင်းလည်း ဆိုသည်။ သို့သော်လည်း သူပုန်တပ်ဖွဲ့များကို အဓိက ကြပ်မတ်နေသည် ဆီးရီးယား အမျိုးသား စုပေါင်းရေးနှင့် လွတ်လပ်သော ဆီးရီးယား တပ်မတော်ကမူ အမေရိကန် ပြည်ထောင်စုထံမှ လက်နက်များ ရရှိသည် ဆိုခြင်းကို ငြင်းဆန်ခဲ့သည်။

"အမေရိကန် အစိုးရ ထိပ်ပိုင်းဆီက ကျွန်တော်တို့ ကတိစကားတချို့တော့ ရခဲ့ပါတယ်။ လက်နက်တွေကို ရေတို ကာလမှာတင် ပေးပို့မယ် ဆိုတာကိုပါ။ ဒါပေမဲ့ ကျွန်တော်တို့ လက်နက်တွေ လုံးဝ မရသေးဘူး"ဟု ယင်းအဖွဲ့မှာ မူဝါဒရေးရာနှင့် မီဒီယာ တာဝန်ခံ လူအေအယ်လ် မော့ခ်ဒက်က ပြောကြားခဲ့သည်။ အမေရိကန်သည် ဧပြီလ ကတည်းက လက်နက်ကဏ္ဍ မပါဝင်သော ထောက်ပံ့မှုများကို ပြုလုပ်နေခဲ့သည်။ ယင်းအစီအစဉ်တွင် ကျည်ကာများ၊ ညကြည့်မှန်ပြောင်းများနှင့် အခြားစစ်သုံး ကိရိယာ အဆင်တန်ဆာများ ပါဝင်ကြောင်း သိရှိရသည်။

From: Planet Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်