Friday, September 13, 2013

ဗိုလ်ချုပ်ပုံဖြင့် ငွေစက္ကူများ ပြန်ထုတ်ရန်အဆို ရှုံးနိမ့်

Posted by drmyochit Friday, September 13, 2013, under | No comments


ရန်ကုန် ၊ စက်တင်ဘာ ၁၂

နိုင်ငံ တော်တွင် ထုတ်ဝေလျက်ရှိသည့် ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင် ဆန်းရုပ်ပုံများဖြင့် ပြန်လည်အ စားထိုးထုတ်ဝေပေးရန် တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်၏အဆိုသည် ရန်ကုန် တိုင်းဒေသကြီး ဆဋ္ဌမပုံမှန်အ စည်းအဝေးတွင် မတ်တတ်ရပ် ဆန္ဒပြုနည်းဖြင့်ဆုံးဖြတ်ခဲ့ရာ ရှုံး နိမ့်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးကျော်က ''ဝမ်းမနည်းပါဘူး။ သမိုင်းက အ ဆုံးအဖြတ်ပေး လိမ့်မယ်။ ဒီနေ့ ဗိုလ်ချုပ်ကို ဘယ်သူက တန်ဖိုး ထားသလဲဆိုတာ အဆုံးအဖြတ် ပေးတာပဲ။ ဗိုလ်ချုပ်ဘယ်သူဆို တာ အားလုံးသိတယ်။ ဗိုလ်ချုပ် ကို ဘယ်လိုနေရာပေးသလဲဆို တာ ဒီနေရာမှာ ခင်ဗျားတို့အား လုံးသိသွားပြီ''ဟု လွှတ်တော် အ စည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။

စက်တင်ဘာ ၁၂ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အ စည်းအဝေးပထမနေ့တွင် သင်္ဃန်း ကျွန်းမဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ဦးကျော်က အဆိုတင် သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းအဆို အား မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက် တာစောလှထွန်းက ကန့်ကွက်ခဲ့ သည့် လွှတ်တော်တွင်း မတ်တတ် ရပ်စနစ်ဖြင့်ဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ ခြင်းဖြစ်သည်။ ဦးကျော်ကအဆိုတင်သွင်း ရာတွင် ''နိုင်ငံတကာမှာ လဲ အ သုံးပြုတဲ့ငွေစက္ကူတွေမှာ နိုင်ငံ အလိုက် အထင်ကရဖြစ်တဲ့ပုဂ္ဂိုလ် တွေကို ဖော်ပြလျက်ရှိတယ်။ များ မကြာခင်နှစ်များတုန်းက ကျွန် တော်တို့နိုင်ငံမှာ ထုတ်ဝေခဲ့တဲ့ ငွေစက္ကူတွေမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျပ် ၁ဝဝဝ တန်အထိ ခြသေ့င်္ပုံအမှတ်အသားကို တွေ့ ရတယ်။ ဒီနေရာမှာ ခြသေ့င်္ပုံတံ ဆိပ်က အဖွဲ့အစည်းတစ်ခုရဲ့ အ မှတ်တံဆိပ်ဖြစ်နေတဲ့အခါ နိုင်ငံ အတွက် နည်းနည်းစဉ်းစားဖို့လို လာပြီလို့မြင်လို့အဆိုတင်ရတာ ဖြစ်တယ်။ ဗိုလ်ချုပ်ကိုလဲ ပြည် သူတွေ က ဘယ်တော့မှ မေ့လို့ရ မှာမဟုတ်ဘူး။ သမိုင်းတွေ ဘယ် လောက်ပြောင်းပြောင်း ဗိုလ်ချုပ် က အမြဲရှိနေမှာပါ။ ဒါကြောင့် ဗိုလ်ချုပ်ပုံ ပြန်လည်အစားထိုး ထုတ်ဝေဖို့ တိုက်တွန်းကြောင်း အ ဆိုတင်သွင်းရခြင်းဖြစ်ပါတယ်'' ဟု လွှတ်တော် သို့ အဆိုတင်သွင်း ခဲ့သည်။

နိုင်ငံတော်မှထုတ်ဝေသည့် ငွေစက္ကူများပေါ်တွင် ရုပ်ပုံများ ဖော်ပြခြင်းနှင့်ပတ်သက်၍ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးအချိန် တွင် အစိုးရမှ ဗိုလ်ချုပ်ပုံကို ဖော် ပြပေးခဲ့ခြင်းရှိပြီး ၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်၊ ပြည်သူ့ လွှတ်တော် ပြည်သူ့ကောင်စီလက်ထက်တွင် လည်း ဗိုလ်ချုပ်အောင်ဆန်းပုံ၊ လယ်သမားခေါင်းဆောင် ဆရာ စံပုံ၊ အလုပ်သမားခေါင်းဆောင် သခင်ဖိုးလှကြီးရုပ်ပုံများအား ထုတ်ဝေအသုံးပြုခဲ့သည်ကိုတွေ့ ရကြောင်း လွှတ်တော်သို့ အဆို တင်သွင်းရာတွင် ဦးကျော်က ထည့် သွင်းပြောကြားခဲ့သည်။ အဆိုအား ကန့်ကွက်ခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒ နယ်အမှတ်(၁)မှ ဒေါက်တာစော လှထွန်းကကန့်ကွက်ခဲ့သည်။

ယင်းအဆိုအား သင်္ဃန်း ကျွန်းမဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန်းစန်းမြင့်တို့သာ အဆိုကိုထောက်ခံခဲ့ရာ လွှတ်တော် နည်းဥပဒေအရထောက်ခံသည့် ကိုယ်စားလှယ်ဦးရေမှာ လွှတ် တော်တွင်းရှိ လွှတ်တော် ကိုယ်စား လှယ်ဦးရေ၏ ခြောက်ပုံတစ်ပုံ မရှိသည့်အတွက် အဆိုကို လွှတ် တော်မှ ဆက်လက်မဆွေးနွေး ရန်ဆုံးဖြတ်ခဲ့သည်။

ကောင်းမြတ်ကျော်
From: Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်