Thursday, October 24, 2013

ရွာသစ်ကျေးရွာ ရုတ်တရက်ဖယ်ရှားခံရမည်ကို ဒေသခံများ စိုးရိမ်နေ

Posted by drmyochit Thursday, October 24, 2013, under | No comments


သီပေါ၊ အောက်တိုဘာ ၂၄။

သီပေါမြိ့နယ်၊ ရွာသစ်ကျေးရွာမှ ဓာတ်ငွေ့ပိုက်လိုင်း စခန်းသို့ သွားသည့် လမ်းဘေးရွာများ အတွင်းရှိ အိမ်အချို့အား ပိုက်လိုင်းလုပ်ငန်းမှ ၀န်ထမ်းအချို့က လမ်းမလွတ်၍ လျော်ကြေးပေး၍ ဖယ်ခိုင်းရန်အတွက်ဟုဆိုကာ  ၀င်ရောက် တိုင်းတာမှုများ ပြုလုပ်သွားသောကြောင့် ရုတ်တရက်ဖက်ပေးရမည်ကို စိုးရိမ်လျက်ရှိကြေား ၎င်းကျေးရွာသားများက ပြောကြသည်။

အဆိုပါ ကျေးရွာမှ ကျေးရွာသားများမှာ ယခင်သီပေါမြို့နယ် အတွင်းရှိ ဆင်ကျော့၊ ထန်စန့်၊ ကွန်ကောက်၊ ကွန်ဟိန်း ကျေးရွာများမှ နယ်မြေ အနေအထားအရ ပြောင်းရွှေ့ နေထိုင်လာကြသော ရွာသားများဖြစ်ပြီး ရွာသစ် ကျေးရွာအုပ်စု အစွန်းပိုင်းတွင် နေထိုင်ကြခြင်းဖြစ်သည်။

“လာတိုင်းတော့ ဘယ်သူမှလည်း မပါဘူး သူတို့ဝန်ထမ်း(၄)ယောက်ပဲ ရုတ်တရက် ၀င်လာပြီး မီတာတွေနဲ့ သေချာတိုင်း သွားတာ ပြီးတော့ စကားပြန်ကို မေးကြည့်တော့မှ လမ်းချဲ့ဖို့အတွက် အိမ်တွေကို လျော်ကြေးငွေပေးပြီး ဖယ်ခိုင်းမယ်လို့ သိရတယ်”ဟု ရွာသစ်ကျေးရွာအတွင်း ၀င်ရောက်အတိုင်းခံရသော အိမ်ရှင်တစ်ဦးက ပြောသည်။

ယင်းသို့ တိုင်းတာရာတွင် ရွာသစ် ကျေးရွာ ခြသေ့င်္နှစ်ကောင်သိမ်အား ရှောင်၍ ရွာဘက်သို့ တိုင်းတာကြခြင်း ဖြစ်ကြောင်း၊ ထိုသို့ တိုင်းတာရာတွင် အာဏာပိုင်အဖွဲ့အစည်းမှ တစ်စုံတစ်ဦးမှ မပါရှိကြောင်း ဒေသခံများမှ ပြောကြသည်။ တိုင်းတာပြီး နောက်ပိုင်းတွင် တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိသေးသဖြင့် ဒေသခံများမှ စိုးရိမ်နေကြခြင်း ဖြစ်သည်။

“ကျွန်တော့ကိုတော့ ဘာမှမပြောပါဘူး။ ရွာရွှေ့ရမယ်ဆိုရင် ကျွန်တော်တို့ သိရမှာ။ တိုင်းသွားတာလည်း မသိလိုက်ဘူး”ဟု ရွာသစ်ကျေးရွာ ဥက္ကဋ္ဌက ပြောသည်။

ယင်းသို့ တိုင်းတာရာတွင် ရွာအတွင်း အိမ်ခြံများအတွင်း ၀င်ရောက်တိုင်းတာခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ တိုင်းတာမှုမှာ တစ်လခွဲခန့် ရှိပြီဖြစ်သော်လည်း လမ်းခင်းမှုများသာ ပြုလုပ်လျက် ရှိနေပြီး လက်ရှိအချိန်တွင် မည်သို့မှ အကြောင်း မပြန်သေးသဖြင့် ရုတ်တရက်ရွှေ့ပြောင်းခိုင်းလျင် ဒေသခံများအတွက် အခက် တွေ့နိုင်သောကြောင့် ဒေသခံများမှ စိုးရိမ်နေရခြင်းဖြစ်ကြောင်း ၎င်းရွာသားများက ပြောကြသည်။

စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်