Thursday, October 24, 2013

ကုသိုလ်တော် ဘုရားဝင်း ရှေးဟောင်းကျောက်စာများ ခေတ်မီနည်းဖြင့် ထိန်းသိမ်းရန် စီစဉ်

Posted by drmyochit Thursday, October 24, 2013, under | No comments

ကုသိုလ်တော်ဝင်းအတွင်းရှိရှေးဟောင်းကျောက်စာချပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - ခွန်စိုင်းအောင်

မန္တလေး ၊ အောက်တိုဘာ ၂၂

မန္တ လေးတောင်ခြေရှိ ကုသိုလ်တော် ဘုရားဝင်း အတွင်း နှစ်ပေါင်း၁၅၀ ကျော်သက်တမ်းရှိ ကျောက်စာ ချပ်များအား ယူနက်စကိုမှ ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ပြီး အဆိုပါကျောက်စာ ချပ်များ ရေရှည် တည်တံ့စေရေး အတွက် ခေတ်မီနည်းပညာများ အသုံးပြု၍ ထိန်းသိမ်းရန် စီစဉ် လျက်ရှိကြောင်း ရှေးဟောင်းသု တေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန(အထက် မြန်မာပြည်)မှ သိရသည်။

အဆိုပါရှေးကျောက်စာချပ် များရ၂၉ချပ်ရှိရာ တချို့တွင် ကွဲ အက်နေခြင်းနှင့်အတူ ကျောက် သားအတွင်း ပိုးဝင်နေခြင်းများ ဖြစ်ပေါ်နေသောကြောင့် ခေတ်မီ ဓာတုဗေဒနည်းပညာဖြင့် အသုံး ပြုကာ ထိန်းသိမ်းသွားမည်ဖြစ်ပြီး ကျောက်စာချပ်များ ရေရှည် တည် တံ့စေရေးအတွက် အနှောင့်အ ယှက်ဖြစ်စေနိုင်သည့် ကိစ္စရပ်များ ကိုလည်း ကုသိုလ်တော်ဘုရား ဂေါပကအဖွဲ့နှင့်အတူ ပူးပေါင်း ကာ တားမြစ်အရေးယူသွားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေ သန အမျိုးသားပြတိုက်နှင့် စာ ကြည့်တိုက် ဦးစီးဌာန(အထက် မြန်မာပြည်)မှ ညွှန်ကြားရေးမှူး ဦးဇော်ဦးဟန်က ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။

''အခုဆိုရင် ကမ္ဘာ့လှည့်ခရီး သွားတွေကလဲ အရင်တုန်းကထက် ပိုမိုလာရောက်တာတွေ ရှိတဲ့အ တွက် အတွဲတွေ ချိန်းတွေ့နေတာ မျိုး၊ အညစ်အကြေးတွေစွန့်ပစ် ထားတာမျိုးတွေမရှိစေဖို့ ဂေါပက အဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ရှေးဟောင်း သု တေသနဌာနက တစ်ပတ်တစ်ကြိမ် ပုံမှန် စစ်ဆေးပေးနေပြီး ဂေါပက အဖွဲ့ကလဲ လုံခြုံရေးပိုင်းနဲ့ သန့် ရှင်းရေးပိုင်းအတွက် တာဝန်ယူ ပေးမှာဖြစ်ပါတယ်''ဟု ယင်းက ဆက်လက်ပြောသည်။

ကုသိုလ်တော် ဘုရားသည် မန္တလေးမြို့တည်နန်းတည် သတ္တ ဌာနခုနစ်ဌာနတွင် တစ်ခုအပါ အဝင်ဖြစ်ရာ မဟာရံတံတိုင်းများ အတွက် မြနန်းစံကျော်ရွှေနန်း တော်ကြီးပေါ်တွင် ပဉ္စမသင်္ဂါယ နာတင်ခဲ့သည့် ကျောက်စာချပ် များကို သီဟိုဠ် စွယ်တော် ကြုတ် ပုံ ဓမ္မစေတီများဖြင့် တစ်ချပ်လျှင် တစ်ဆူနှုန်းတည်ထားရာ ကမ္ဘာ့ အကြီးဆုံးစာအုပ်ကြီးအဖြစ် ထင် ရှားပြီး ယခုနှစ် ဇွန်လအတွင်းက ယူနက်စကိုမှ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းတွင် တရား ဝင် ထည့်သွင်းပေးခဲ့သည်။

ခွန်စိုင်းအောင်
From: Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်