Thursday, October 24, 2013

သေဒဏ်ပေးပြီး အသက်ရှင်သူကို နောက်တစ်ကြိမ် သေဒဏ်မပေးရန် အီရန်ဆုံးဖြတ်

Posted by drmyochit Thursday, October 24, 2013, under | No comments

အစိုးရ ရှေ့နေများက ဆွဲကြိုးချ သေဒဏ်ပေး ခံရသော်လည်း အသက်ဆက်ရှင်နေသည့် အကျဉ်းသား တစ်ဦးအား နောက်တစ်ကြိမ် သေဒဏ်ပေးရန် တောင်းဆိုခဲသော့်လည်း တရားရေး အာဏာပိုင်များက ဒုတိယအကြိမ် ပြစ်ဒဏ်သည် လက်ခံနိုင်စရာ မရှိဟု ဆုံးဖြတ်ခဲ့


အီရန် တရားရေး ဝန်ကြီးဌာနက သေဒဏ်ပေးခံရပြီး ဆက်လက် အသက်ရှင်နေသူ တစ်ဦးကို နောက်တစ်ကြိမ် သေဒဏ်ထပ်ပေးမည် မဟုတ်ကြောင်း ကြေညာလိုက်သည်။ အစိုးရ ရှေ့နေများက ဆွဲကြိုးချ သေဒဏ်ပေး ခံရသော်လည်း အသက်ဆက်ရှင်နေသည့် အကျဉ်းသား တစ်ဦးအား နောက်တစ်ကြိမ် သေဒဏ်ပေးရန် တောင်းဆိုခဲသော့်လည်း တရားရေး အာဏာပိုင်များက ဒုတိယအကြိမ် ပြစ်ဒဏ်သည် လက်ခံနိုင်စရာ မရှိဟု ဆုံးဖြတ်ခဲ့သည်။ အလီရီဇာဟုသာ သတင်းများက အမည်ဖော်ပြသည့် အမျိုးသား တစ်ဦးသည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုကြောင့် သေဒဏ်ပေး ကွပ်မျက်ခံခဲ့ရသည်။

 သို့သော်လည်း ၎င်းသည် ရင်ခွဲရုံတွင် အသက်ရှင်လျှက်သား တွေ့ရှိရသည့်နောက် အငြင်းပွားစရာ အခြေအနေများ ဖြစ်ပေါ်လာခဲ့သည်။ တရားရေးဝန်ကြီး မိုစတာဖာ ပူာမိုဟာမေဒီက "နောက်တစ်ကြိမ် သေဒဏ်ပေးမှုဟာ အီရန်ရဲ့ ပုံရိပ်ကို ထိခိုက်သွားပါလိမ့်မယ်"ဟု ISNA သတင်းဌာနသို့ ပြောကြားခဲ့သည်။ အစိုးရသည် တရားရေး ဌာနကို တိုက်ရိုက် ထိန်းချုပ်မှု မရှိသော်လည်း တရားခံ တစ်ဦးကို ဒုတိယအကြိမ် သေဒဏ်ပေးရန် သင့်မသင့် ကိစ္စတွင်မူ ပါဝင် ဆုံးဖြတ်ခဲ့သည်။ တရားခံအား သေဒဏ်ပေးပြီး နောက်တစ်နေ့တွင် ၎င်း၏ မိသားစုက ရုပ်အလောင်းကို သင်္ဂြိုဟ်ရန် ရင်ခွဲရုံ၌ သွားရောက်ထုတ်ယူရာ အသက်ရှူနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ အလီရီဇာ၏ လက်ရှိ ကျန်းမာရေး အခြေအနေကို တိတိကျကျ မသိရသေးသော်လည်း ISNAက ၎င်းသည် ကိုမာဝင်ကာ မေ့မျောနေကြောင်း ဖော်ပြခဲ့သည်။

အသက်(၃၇)နှစ်ရှိ တရားခံသည် ပြီးခဲ့သည့် သီတင်းပတ်က အီရန် အရှေ့မြောက်ပိုင်းရှိ ဘော့ဂ်ျနော့ဒ်မြို့ တွင် သေဒဏ်ပေး ခံရခြင်း ဖြစ်သည်။ ၎င်းသည် ကြိုးစင်တွင် (၁၂)မိနစ်ကြာ တွဲလောင်းဖြစ်နေခဲ့ပြီး အကျဉ်းထောင် ဆရာဝန်ကလည်း သေဆုံးပြီဟု ကြေညာခဲ့သော်လည်း အသက်ရှင်နေခဲ့ခြင်း ဖြစ်သည်။ ၎င်း ကို လတ်တလောတွင် ဒေသဆိုင်ရာ ဆေးရုံတစ်ခု၌ လက်ခံကုသပေးနေပြီး လက်နက်ကိုင် အစောင့် အကြပ်များ ချထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာရေး အဖွဲ့က အီရန်အစိုးရအား ယခုဖြစ်စဉ်တွင် နောက်တစ်ကြိမ် သေဒဏ်မပေးရန် တောင်းဆိုခဲ့သေးသည်။ ထို့အပြင် ယင်းအဖွဲ့ကြီးက အီရန်၌ သေဒဏ်ခံ အကျဉ်းသား အားလုံးကိုလည်း ပြစ်ဒဏ်မှ ဆိုင်းငံ့ထားရန် တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်