Thursday, October 24, 2013

အိမ်ခြေယာခြေမဲ့နှစ်ဦးက ကလေးမွေးစားပြီး တောင်းရမ်းစားသောက်ခိုင်း

Posted by drmyochit Thursday, October 24, 2013, under | No comments

ပြီးခဲ့သည့် ရက်သတ္တပတ်၌ ဂရိရဲများက Roma ရှိ အိမ်ခြေယာခြေမဲ့နယ်မြေသို့ ဝင်ရောက် စီးနင်းစစ်ဆေး ရာတွင် အသက်(၄၀)နှစ်အရွယ် Eleftheria Dimopoulou နှင့် အသက်(၃၉)နှစ်အရွယ် Hristos Salis တို့ရဲ့ သမီးဆိုသူ Maria အား ရဲများက တွေ့ရှိခဲ့သည်သည်။

Maria ဟာ Eleftheria Dimopoulou နှင့် Hristos Salis တို့နဲ့ လားလားမှမတူ ကွဲပြားစွာ အသားဖြူ ၊ ငွေရောင်ဆံပင်နှင့် မျက်လုံးပြာလေးဖြစ်နေသည့်အတွက် ရဲများက DNA စစ်ဆေးကြည့်ရာ DNA စစ်ဆေးချက်အရ သွေးသားလုံးဝ ပတ်သက်မှု မရှိကြောင်း တွေ့ရှိခဲ့သဖြင့် စာရွက်စာတမ်း ၊ အထောက်အထားအမှားများ ပြောဆိုသော Eleftheria Dimopoulou နှင့် Hristos Salis တို့အား ကလေးကို ဖျားယောင်းသိမ်းသွင်းမှု ၊ အထောက်အထားအမှားများ တင်ပြမှုတို့ဖြင့် အမှုစွဲထားကြောင်း သိရသည်။


ယခု လေး ငါးနှစ် အရွယ်ခန့်ရှိသော Maria အား ဂရိနိုင်ငံအလယ်ပိုင်း Farsala မြို့ အစွန်နားမှာရှိတဲ့ Tabakou က အိမ်ခြေယာမြေမဲ့များ နေထိုင်သည့် ဂျစ်ပစီနယ်တွင် အုတ်ဖြင့်သီးသန့်ဆောက်ထားသော အခန်းအတွင်း၌ တွေ့ရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ခိုင်လုံသော သက်သေအထောက်အထားများ မရရှိသေးပေမယ့် Eleftheria Dimopoulou နှင့် Hristos Salis တို့ဟာ Maria အား အသက်(၁၂)နှစ်အရွယ်တိုင်အောင် ကြီးပြင်းသည်အထိ စောင့်ရှောက်ကာ (၁၂)နှစ်အရွယ်တွင် ကလေးသတို့သမီးအဖြစ် ရောင်းစားဖို့ ကြံစည်မွေးထားခြင်းဖြစ်ကြောင်း ဂရိရဲများက သံသယရှိခဲ့သည်။

လောလောဆယ်တွင်မူ Salis နှင့် Dimopoulou တို့က Maria လေးအား ကခုန်စေပြီး ပိုက်ဆံတောင်းရမ်းခိုင်းသည်ဟု ရဲများက စစ်ဆေးတွေ့ရှိကာ သက်သေအထောက်အထား ရရှိထားကြောင်း သိရသည်။

၎င်းတို့ အိမ်နီးချင်းများ၏ အပြောအရမူ ကလေးပေါက်စအရွယ် Maria လေးအား ဘူဂေးရီးယား စုံတွဲထံမှ စတာလင်ပေါင် ၈၅၀ ဖြင့် Salis နှင့် Dimopoulou တို့က ဝယ်ယူထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲများ၏လိုက်လံဖမ်းဆီးမှုကို ထွက်ပြေးတိမ်းရှောင်နေသော ဘူဂေးရီးယားမှ ကလေးများကို ဂရိနိုင်ငံသို့ မှောင်ခို ခိုးသွင်းရောင်းချနေသည့်ဂိုဏ်းက ချမ်းသာသည့် ဂရိစုံတွဲသို့ Maria အား စတာလင်ပေါင် နှစ်သောင်းနှစ်ထောင်အထိ ဈေးခေါ်ရောင်းဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ဂရိရဲများက သံသယရှိထားသည်။

Source : Daily Mail
From: ပုံရိပ်(burmesehearts.com)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်