Wednesday, October 09, 2013

မိကျောင်းတွေဖမ်းပြီး သတ်စားနေကြ၍ မိကျောင်းမျိုးတုန်းတော့မည်

Posted by drmyochit Wednesday, October 09, 2013, under | No comments


ဂျမေကာနိုင်ငံ တောင်ပိုင်း တစ်လျှောက်တွင် မိကျောင်းများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်၍ အစားအစာအဖြစ် စားသုံးလျက် ရှိခြင်းကြောင့် ယခုအခါ မိကျောင်းများမှာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အခြေအနေသို့ ရောက်ရှိလာကြောင်း ဂျမေကာ တက္ကသိုလ်မှ တွားသွားသတ္တ၀ါများ လေ့လာမှု ဆိုင်ရာ အထူး ကျွမ်းကျင်သူ ဘိုင်ရွန်ဝီလ်ဆင် က ပြောကြား ခဲ့သည်။

မိကျောင်းများသည် ယခင်နှစ်များ အတွင်းက မျိုးသုဉ်း ပျောက်ကွယ် လုနီးပါး ဖြစ်ပွားခဲ့ရာမှ အရေအတွက် ပြန်လည် မြင့်တက် လာခဲ့ပြီး အမေရိကန် ပြည်ထောင်စု ဖလော် ရီဒါ ပြည်နယ် တစ်ဝန်းတွင် ကျင်လည် ကျက်စားခဲ့ကြသည်။ သို့ရာတွင် ဂျမေကာနိုင်ငံ အပါအ၀င် ကမ္ဘာတစ်ဝန်းတွင် မိကျောင်းများနှင့် ၎င်းတို့၏ ဥများအား အစားအစာအဖြစ် စားသုံးရန် အမဲလိုက်၍ စီးပွားရေး အတွက် ရောင်းဝယ် ဖောက်ကားမှုများ ပိုမို လုပ်ဆောင် ခဲ့ခြင်းကြောင့် ၎င်းသတ္တ၀ါများမှာ မျိုးသုဉ်းပျောက် ကွယ် လုနီး ပါး ပြန် လည် ဖြစ်လာနိုင် သည်ဟု ကျွမ်းကျင် သူများက ယူဆထားကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်