Wednesday, October 09, 2013

သဘာဝမဟုတ်တဲ့နည်းနဲ့ လိင်ဆက်ဆံရင် HIV ကူးမကူး(အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Posted by drmyochit Wednesday, October 09, 2013, under | 2 comments


မေး။ ။ နောက်ပြီး သူ့အမျိုးသမီးရဲ့ အင်္ဂါက ဆက်ဆံမှု များလာတော့ အရင်ကလောက် ဆက်ဆံလို့ မကောင်းတော့လို့ ပြောပါတယ်။ သူက စအိုဝနဲ့ အင်မတန်မှ လိင်ဆက်ဆံမှု ပြုလုပ် ချင်ပါတယ်။ သို့သော် သူ့အမျိုးသမီးမှ စအို လိင်ဆက်ဆံလျှင် HIV ပိုးရနိုင်သည်လို့ ပြောပါတယ်။ သူတို့နှစ်ဦးလုံး ပိုးမရှိပဲနဲ့ ဆက်ဆံရင်ကော ပိုးရနိုင်လို့လား။
ဖြေ။ ။ အမျိုးသမီးနဲ့ အမျိုးသား လိင်ဆက်ဆံတာ မိန်းမကိုယ် Vagina လမ်းကြောင်းက သဘာဝက ပေးတားတဲ့ လမ်းကြောင်းပါ။ ဒါကို ဆက်ဆံရတာ အရသာ မကောင်းဘူး၊ ပုံစံပြောင်းအောင် စအို လမ်းကြောင်းကို အသုံးပြုမယ်ဆိုရင် သဘာဝမကျတဲ့ နည်းလမ်းဖြစ်သွားပါတယ်။ စအိုကိုသုံးပြီး လိင်ဆက် ဆံရင် စအိုနံရံမှာ သွေးကြောတွေ စုတ်ပြဲပြီး ကာယကံရှင် အတွက် မစင်လမ်းကြောင်းက ပိုးတွေ ကိုယ်ထဲကို ရောက်စေပါတယ်။ ပိုးမရှိတဲ့ လင်မယားချင်း ဆက်ဆံလည်း မစင်ပေါက်က ပိုးတွေက ကိုယ်ထဲကို ပြဲစုတ်နေတဲ့ စအိုနံရံကနေ ၀င်ရောက်နိုင်ပါတယ်။ အနောက်နိုင်ငံ (အပြာကားတွေမှာ) က လူတွေကတော့ စအိုနဲ့ လိင်ဆက်ဆံတာကို ပုံမှန်လို့ ယူဆကြပေမယ့် ဆေးပညာ သဘောအရ စအိုကို အသုံးပြုခြင်းက မသင့်တော်ဘူးလို့ ဆိုပါရစေ။

မေး။ ။ ဆရာ...နောက်တဦးကလဲ အိမ်ထောင်သည် တဦးပါပဲ။ သူက သူ့အမျိုးသမီးနဲ့ ကလေးမရဖို့ အတွက် ဆေးမသုံးပဲ အရပ်က လူတွေပြောတဲ့အတိုင်း မိန်းမ ရာသီလာပြီး ၇ ရက် မလာခင် ၇ ရက် ဆက်ဆံရင် ကလေး မရဘူးဆိုတဲ့ အတိုင်း ကျင့်သုံးနေပါတယ်။ သို့ပေမဲ့ သူ့အတွက် ယခု အခက်ခဲဖြစ်နေတာက သူ့အမျိုးသမီး ရာသီလာတိုင်း လိင်မဆက်ဆံ ဖြစ်ဘူးလို့ပြောပါတယ်။ တခါတလေ မထိန်းနိုင်လောက်အောင်ကို လိင်ဆက်ဆံချင်ပါတယ်လို့ ပြောပါတယ်။ အဲ့အချိန် ဆက်ဆံရင် တချို့ လူပြောတာ ကလေး ရတတ်တယ်လို့ ပြောပါတယ်။ ဆက်ဆံလို့ကော ရပါသလား။ (ကွန်ဒုံးနဲ့ ဖြစ်ဖြစ်ပေါ့).. သူငယ်ချင်းက ကလေး ရတာ မရတာထက် အဲ့လို ဆက်ဆံလိုက်လို့ သူအမျိုးသမီး ရောဂါတခုခု ရမှာ ပိုစိုးရိမ်တယ်လို့ပြောပါတယ်။ ဆက်ဆံရင် ဘာဖြစ်တတ်ပါသလဲ။ ဖြေကြားပေးစေလိုပါတယ်။
ကျွန်တော် မိတ်ဆွေမေးခွန်းအပါ အထက်က ကျွန်တော်မေးထားတဲ့ မေးခွန်းပါ အပါပေါ့နော်) ဆရာလို တိုင်ပင်လို့ရတဲ့ ဒေါက်တာရှိတာ ကျွန်တော် သူငယ်ချင်းက မယုံတာကို လက်တွေ့ပါ ပြချင်လို့ပါ။ သူက သူများ မင်းကိုလိမ်ပြီး လျှောက်မေးလိုက်မိရင် မင်းအရှက်ကွဲသေမှာလို့ ပြောလို့ပါ။ ဆရာပြန်စာ စောင့်နေပါ့မယ်။

ဖြေ။ ။ ကလေးမရစေဖို့ အများပြောတဲ့ ရက်ရှောင်နည်းကို အသုံးပြုရင် စိတ်မချရပါဘူး။ ဆိုလိုတာက ရက်ရှောင်တဲ့နည်းက ကလေး ရစေတတ်ပါတယ်။ ရက်ရှောင်တယ်ဆိုတာက အမျိုးသမီး ရာသီးသွေး မပေါ်ခင် ကာလကို တွက်ချက်ပြီး ၇ ရက် အလိုနဲ့ ၇ ရက် အပြီးမှာ လိင်ကိစ္စကို မလုပ်ရင် ကလေးမရဘူးလို့ အများ သိထားကြတာပါ။ ဒီလို တွက်ချက်နည်းက ၂၈ ရက် တစ်ခါ ရာသီ ပုံမှန်လာတဲ့ အမျိုးသမီးတွေ အတွက် ဆိုရင်တော့ မှန်ကောင်း မှန်ပါလိမ့်မယ်။ သို့သော် တချို့ အမျိုးသမီးမတွေမှာ ရာသီသွေးနောက် ကျပေါ်တာ၊ ရာသီသွေး စောပေါ်တာ၊ တစ်လအတွင်း ရာသီသွေး ၂ ခါပေါ်တာ စတာတွေ ဖြစ်ရင် အဲဒီ ရက်ရှောင်နည်းက အသုံးမတည့်တော့ ပါဘူး။
ဒီတော့ ကလေးမလိုချင်ရင် သုံးစရာ အခြားနည်းတွေ ရှိပါတယ်၊ ဥပမာ ထိုးဆေး၊ သောက်ဆေး၊ ကွန်ဒုံး၊ သားအိမ်ထည့် ပစ္စည်း စတာတွေပါ။ ကွန်ဒုံးကတော့ မိမိသဘောနဲ့ သုံးလို့ရပေမယ့် တခြား နည်းလမ်းတွေ ကိုတော့ တတ်ကျွမ်း နားလည်တဲ့ ကျန်းမာရေး ၀န်ထမ်းတွေနဲ့ တိုင်ပင်ပြီး အသုံးပြု သင့်ပါတယ်။ ထိုးဆေး၊ သောက်ဆေး စတာတွေက ဘေးထွက် ဆိုးကျိုး ရှိပါတယ်။ လူတိုင်းနဲ့ မတည့်ပါဘူး။ အမျိုးသမီး ရာသီလာရင် လိင်ဆက်ဆံတာကတော့ ကာယကံရှင်တွေရဲ့ သဘောသာဖြစ်ပါတယ်။ တစ်ချို့ အမျိုး သမီးတွေက ရာသီလာချိန်မှာ လိင်ကိစ္စကို လုံးဝ စိတ်ဝင်စားလေ့ မရှိပါဘူး။ စိတ်မထိန်းနိုင်လို့ ဆက်ဆံမယ် ဆိုရင်တော့ ကွန်ဒုံး သုံးပြီး ဆက်ဆံဖို့ အသိပေးပါ၇စေ။ ဘာကြောင့်လဲဆိုတော့ ကလေးမလိုချင်ရင် တားလို့ ရအောင်လို့ပါ။
By လမင်းကို

2 comments:

ပညာပေး ဗဟုသုတ တော့ ဟုတ်ပါပြီ တချို့ပုံကြီးတွေက ရှယ်ချင်စရာ မကောင်းဖူး ရှင့် ကျေးဇူးတင်ပါတယ် ရှင့် စာဖတ်ရတော့ ဗဟုသုတ တိုးပါတယ် ရှင့်

ဖြေဆိုသူ ခင်ဗျား.... ကလောင်ထက် ဓါးသွားထက်ပါတယ်...
ကလောင်တစ်ချောင်း အသက် တစ်သောင်းပါ..
မြန်မာစာ မြန်မာ သဒ္ဒါကို ပိုင်နိုင်အောင် စစ်ဆေးပေးစေချင်ပါတယ်..
အထက်ပါ မေးခွန်းနဲ့ ပတ်သက်ပြီး စာရေးသူ ဖြေကြားပးထားတာတွေက လက်တွေ့ ဆေးပညာ နယ်ပယ်မှာလက်တွေ့စမ်းသပ်ပြီးမှ ဖော်ပြထားတဲ့ အချက်အလက်တွေနဲ့ ဆန့်ကျင်ဖက် ဖြစ်နေပါတယ်...
စာဖတ်သူကို သတင်းအမှားမပေးစေချင်လို့ အကြံပြုရုံပါ။
အောက်ဖော်ပြပါ အကြောင်းအရာများကို ပြန်လည် ဆန်းစစ်ပေးစေချင်ပါတယ်. (ကလေးမရစေဖို့ အများပြောတဲ့ ရက်ရှောင်နည်းကို အသုံးပြုရင် စိတ်မချရပါဘူး။ ဆိုလိုတာက ရက်ရှောင်တဲ့နည်းက ကလေး ရစေတတ်ပါတယ်။ ရက်ရှောင်တယ်ဆိုတာက အမျိုးသမီး ရာသီးသွေး မပေါ်ခင် ကာလကို တွက်ချက်ပြီး ၇ ရက် အလိုနဲ့ ၇ ရက် အပြီးမှာ လိင်ကိစ္စကို မလုပ်ရင် ကလေးမရဘူးလို့ အများ သိထားကြတာပါ။ ဒီလို တွက်ချက်နည်းက ၂၈ ရက် တစ်ခါ ရာသီ ပုံမှန်လာတဲ့ အမျိုးသမီးတွေ အတွက် ဆိုရင်တော့ မှန်ကောင်း မှန်ပါလိမ့်မယ်။
လူတိုင်းနဲ့ မတည့်ပါဘူး။ အမျိုးသမီး ရာသီလာရင် လိင်ဆက်ဆံတာကတော့ ကာယကံရှင်တွေရဲ့ သဘောသာဖြစ်ပါတယ်။
တစ်ချို့ အမျိုး သမီးတွေက ရာသီလာချိန်မှာ လိင်ကိစ္စကို လုံးဝ စိတ်ဝင်စားလေ့ မရှိပါဘူး။ စိတ်မထိန်းနိုင်လို့ ဆက်ဆံမယ် ဆိုရင်တော့ ကွန်ဒုံး သုံးပြီး ဆက်ဆံဖို့ အသိပေးပါ၇စေ။ ဘာကြောင့်လဲဆိုတော့ ကလေးမလိုချင်ရင် တားလို့ ရအောင်လို့ပါ။)

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်