Wednesday, October 09, 2013

အရက်စုသောက်ရာမှ ပါးစပ်မှအမြှုပ်ထွက်၍ အစာအဆိပ်သင့်ကာ ညီအစ်ကို ၂ ဦးသေဆုံး

Posted by drmyochit Wednesday, October 09, 2013, under | No comments


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာတွင် (၄-၁၀-၂၀၁၃)နေ့ ည(၈း၀၀)အချိန်ခန့်ကညီအကိုများ အရက်စုသောက်ရာမှ အစာအဆိပ်သင့်၍လူ(၂)ဦးသေဆုံးသွားခဲ့သည်။ 
ဖြစ်စဉ်မှာ သေဆုံးသူ ၀င်းစိုး၊(၄၈)နှစ်၏ နေအိမ်တွင် ညီအကိုများ ဖြစ်ကြသော ဖိုးသင်္ကြန်(၂၁)နှစ်၊တင့်နိုင်ဦး(၄၃)နှစ်၊ အောင်နိုင်(၂၄)နှစ် တို့သည် အရက်အတူသောက်ကြပြီး အမြည်းအဖြစ် ဘဲဥကြော်၊ဖန်းခါးသီး၊ ရွက်ယိုသီး၊ ငရုပ်သီးတောင်းတို့အား အမြည်းအဖြစ်စားသောက်ကြရာ (၁၅)မိနစ်ခန့်အကြာတွင် ၀င်းစိုးနှင့် ဖိုးသင်္ကြန်တို့(၂)ဦးမှာ ပါးစပ်မှ အမြုပ်ထွက်၍ သတိလစ်သွားသဖြင့် ဘီးလင်းဆေးရုံသို့ တင်ပို့ရန် သယ်ဆောင်လာစဉ် လမ်း၌၄င်းတို့နှစ်ဦးသေဆုံး သွားခဲ့သဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ဘီးလင်းရဲစခန်းမှ သေမှု သေခင်းအမှတ်စဉ် - ၅/၂၀၁၃ အရ အမှုဖွင့်လှစ်ထားကြောင်းသတင်းရရှိသည်။ 
Ko Thant Zin 
By Myanmar News Now

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်