Thursday, November 14, 2013

စာပို့တံဆိပ်ခေါင်းပုံနှိပ်၍ ဂုဏ်ပြုခံရတော့မည့် ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်

Posted by drmyochit Thursday, November 14, 2013, under | No comments








ဆွီဒင်နိုင်ငံ စာတိုက်ဌာန၏ အကြီးအကဲတစ်ဦးဖြစ်သူက ပြည်တွင်းသတင်းစာ တစ် စောင်ဖြစ်သည့် The Local ကိုပြောကြားခဲ့ရာတွင် အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးသည် နိုင်ငံ့အတွက် ပြယုဂ်ကစားသမားတစ်ဦးဖြစ်ပြီး နောင်လာနောက်သားများအတွက် အတုယူစရာစံပြပုဂ်္ဂိုလ် တစ်ဦးအဖြစ် ဂုဏ်ပြုလိုခြင်းကြောင့် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီဘရာဟီမိုဗစ်၏ပုံအား တံဆိပ်ခေါင်းပုံစံ ငါးခုတွင် ရိုက်နှိပ်မည်ဖြစ်ပြီး တံဆိပ်ခေါင်း ၁၀ ခုစီပါဝင်သည့် အတွဲငယ်များအဖြစ် ထုတ်လုပ်မည် ဖြစ်သည်။ ဆွီဒင် စာတိုက်ဌာန၏ တံဆိပ်ခေါင်းဆိုင်ရာ အကြီးအကဲ တစ်ဦးဖြစ်သူ ဘရစ်အန်ဂါဟက်နီက “သူ (အီဘရာဟီမိုဗစ်) ကလည်း ကျွန်တော်တို့ရဲ့ အစီအစဉ်ကို သဘောကျတာကြောင့် စီစဉ်ဖြစ်သွားတာပါ။ သူ့ကို အားပေးနှစ်သက်ကြတဲ့ ပရိသတ်တွေအနေနဲ့ အခု ဆိုရင်သူ့ပုံပါတဲ့ ပို့စကတ်တွေ၊ စာအိတ်တွေနဲ့ အချင်းချင်း ဆက်သွယ်လို့ ရပြီပေါ့”ဟု ဆိုခဲ့သည်။

အီဘရာဟီမိုဗစ်ကလည်း “စာပို့ တံဆိပ်ခေါင်းမှာ ဖော်ပြခံရတာဟာ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုခံရမှု ပါပဲ၊ ကျွန်တော် အရမ်းပျော်ရွှင်သလို ကျွန်တော့်ကို ရွေးချယ်ခဲ့ကြတဲ့အတွက်လည်း အရမ်းဂုဏ်ယူနေပါ တယ်”ဟု ၀မ်းသာအားရ ပြောကြားခဲ့သည်။ အီဘရာဟီမိုဗစ်သည် ကိုယ်တိုင်ရေးအတ္တုပ္ပတ်္တိစာအုပ် ထုတ်ဝေစဉ်ကလည်း ပြည်တွင်းတွင် ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပြီး ဆွီဒင်ပြည်တွင်းရှိ အဘိဓာန်တွင် လည်း ၎င်း၏နာမည်အား စကားလုံးအဖြစ် ထည့်သွင်းကာ ဂုဏ်ပြုမှုခံထားရသူလည်းဖြစ်သည်။

ဆွီဒင်အသင်းအတွက် အောင်မြင်မှု အများအပြားရယူပေးထားနိုင်ခြင်း မရှိသော်လည်း အီဘရာဟီမိုဗစ် သည် လက်ရှိအချိန်ထိ နိုင်ငံအသင်းတွက် ၉၄ ပွဲ ပါဝင်ကစားကာ ၄၆ ဂိုး အထိသွင်းယူပေးထားနိုင်သည်။

Mizzima - News in Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်