Thursday, November 14, 2013

မြန်မာ့ တပ်မတော် ဘောလုံး အသင်းနှင့် မလေးရှား တပ်မတော် ဘောလုံးအသင်း ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစား

Posted by drmyochit Thursday, November 14, 2013, under | No comments


နေပြည်တော် နိုဝင်ဘာ ၁၃ 

မြန်မာ့ တပ်မတော် ဘောလုံးအသင်းနှင့် မလေးရှား တပ်မတော် ဘောလုံးအသင်း ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ကျင်းပ ပြုလုပ်ရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ကြည့်ရှု အားပေးသည်။ 



အဆိုပါ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မလေးရှား တပ်မတော်မှ Major General Dato' Hi Khilr bin Hj Mohd Nor နှင့် အရာရှိကြီးများ၊ တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့ ကွပ်ကဲမှု အောက်ရှိ ပျဉ်းမနား၊ တပ်ကုန်း မြို့နယ်များမှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ တပ်နယ် ၆ခုမှ အရာရှိ၊ စစ်သည်၊ မိသားစု များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။ 

ရှေးဦးစွာ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ မစတင်မီ တပ်မတော် (ကြည်း) ဂုဏ်ပြု စစ်တီးဝိုင်းက အားကစားကွင်း အတွင်းသို့ စစ်ချီ သီချင်းများ တီးမှုတ်ကာ ဝင်ရောက် နေရာယူပြီး ပုံဖော်ပြသ ကြသည်။ 

ထို့နောက် မြန်မာ့ တပ်မတော် ဘောလုံးအသင်းနှင့် မလေးရှား တပ်မတော် ဘောလုံး အသင်းတို့က ဇေယျာသီရိ တပ်မတော် အားကစား ကွင်းအတွင်းသို့ ဝင်ရောက် နေရာယူကြပြီး ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)နှင့် ဧည့်သည်များအား အလေးပြုကြသည်။ 

ယင်းနောက် တပ်မတော် အားကစားနှင့် ကာယပညာ အုပ်ချုပ်မှု ကော်မတီ ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် မလေးရှား တပ်မတော်မှ Major General Dato' Hi Khilr bin Hj Mohd Nor တို့သည် နှစ်နိုင်ငံ အားကစား သမားများအား တစ်ဦးချင်း ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက် ကြသည်။ 


၎င်းနောက် နှစ်နိုင်ငံ တပ်မတော် ဘောလုံးအသင်းမှ အားကစားသမား များအား မြန်မာ အမျိုးသမီးငယ် လေးများက ဂုဏ်ပြု ပန်းစည်းများ ပေးအပ်ကြပြီး နှစ်ဖက် အသင်း ကစားသမား များက အပြန်အလှန် နှုတ်ဆက်ကြကာ အသင်းလိုက် စုပေါင်း ဓာတ်ပုံရိုက်ကြ၍ အသင်းခေါင်းဆောင်များက နှစ်နိုင်ငံ အလံများ လဲလှယ်ကြ သည်။ 

ထို့နောက် မြန်မာ့ တပ်မတော် ဘောလုံး အသင်းနှင့် မလေးရှား တပ်မတော် ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ဘောလုံး ယှဉ်ပြိုင်ကစား ကြရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ တက်ရောက် လာကြသူများက ကြည့်ရှု အားပေးကြသည်။ 


ပြိုင်ပွဲ မစတင်မီနှင့် ခေတ္တ အနား ပေးချိန်များတွင်လည်း မြဝတီတေး ဂီတ အဖွဲ့သားများက ပရိသတ်များအား သီဆိုဖျော်ဖြေ ဧည့်ခံခဲ့သည်။ 

ပြိုင်ပွဲတွင် မြန်မာ့ တပ်မတော် ဘောလုံးအသင်းက မလေးရှား တပ်မတော် ဘောလုံး အသင်းကို ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိ သွားသည်။ 


မြန်မာ့ တပ်မတော် ဘောလုံးအသင်းနှင့် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကစားခဲ့သော မလေးရှား တပ်မတော် ဘောလုံး အသင်းသည် နိုဝင်ဘာ ၁၅ရက်တွင်လည်း မြန်မာ့ လက်ရွေးစင် (U-19) ဘောလုံးအသင်း နှင့် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်