Monday, December 09, 2013

အတိတ်ကို တွေးတောမနေပဲ လက်ရှိ အနာဂတ် ပစ္စုပ္ပန်ကိုသာ စဉ်းစားပါတယ် လို့ဆိုတဲ့ သရုပ်ဆောင် ဂန္တ၀င်

Posted by drmyochit Monday, December 09, 2013, under | No comments


စန္ဒီ

လတ်တလော အင်တာနက်မှာ ပျံ့နှံ့နေတဲ့ အနုပညာရှင်တွေနဲ့ပတ်သက်တဲ့ သတင်းတွေကြောင့် ပရိသတ် တွေရော၊ အနုပညာအသိုင်းအ၀ိုင်းကပါ အားလုံးပွက်လောရိုက်နေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဂန္တ၀င်ကတော့ ‘အခုချိန်မှာအနုပညာအလုပ်တွေ ကိုအကောင်းဆုံးလုပ်ကိုင်ပြီးရပ်တည်နေတဲ့ သူတစ်ယောက် ဖြစ်တဲ့အတွက် အတိတ်ကို တွေးတောမနေပဲလက်ရှိ အနာဂတ် ပစ္စုပ္ပန်ကိုသာစဉ်းစား ပါတယ်’လို့ ပြောပြခဲ့ပါတယ်။

ဂန္တ၀င်ဟာ သြစတြေးလျမှာ တစ်လကြာသွားရောက် သီဆိုဖျော်ဖြေခဲ့တာမို့ သြစတြေးလျ မှာတွေ့ကြုံလာ ခဲ့ရတဲ့ အမှတ်တရတွေနဲ့အတူ သူ့ရဲ့ခံစားချက်အချို့ကိုမေးမြန်းဖြစ်ခဲ့တဲ့အခါမှာတော့ ‘အစ်မက သြစတြေး လျကိုတစ်ခါမှ မရောက်ခဲ့ဖူးပါဘူး။ တစ်လကြာသွားရောက်ဖျော်ဖြေရတဲ့ အတွက်လည်း အရမ်းပျော်ပါ တယ်။ ဂုဏ်လည်းယူမိပါတယ်။ သြစတြေးလျမှာရှိတဲ့ နေရာတော်တော် များများကိုလျှောက်လည် ဖြစ်ခဲ့ တယ်။ အဲဒီလိုလျှောက်လည်ခဲ့ တုန်းကဆို ကိုယ့်ကိုယ်ကိုယ် ပင်ပန်းလို့ ပင်ပန်းရမှန်း၊ အချိန်တွေကုန် သွားမှန်းတောင် မသိခဲ့ပါဘူး။ သြစတြေးလျမှာ အစ်မရဲ့ ပရိသတ်တွေ နဲ့လည်းတွေ့ခဲ့ရပါတယ်။ အစ်မက သင်္ကြန်၊ ခရစ္စမတ်၊ နယူးရီးယားရောက်တိုင်း သီချင်းနဲ့ ဖျော်ဖြေ ဖြစ်တယ်။ အဆိုဘက်ကို ၀ါသနာပါပါ တယ်။ စီးရီးထုတ်ဖို့လည်း စိတ်ကူးရှိပါတယ်။ ဒါပေမဲ့ အကောင်အထည် ဖော်ဖို့က လိုပါသေးတယ်။ အတွဲ အခွေ တွေလောက်ပဲ ပါဝင် သီဆိုသွားဖြစ်မှာပါ။ အဆိုနဲ့ ပတ်သက်တဲ့ လေ့လာမှု ကတော့ အိမ်မှာသီချင်း နားထောင်ဖြစ်တယ်။ ပြီးတော့ နိုင်ငံခြားသီချင်းခွေတွေ ကြည့်ပြီးနားထောင် ဖြစ်ပါတယ်။ ကိုယ့်ရဲ့ သီဆို ဖျော် ဖြေမှု တွေကို ပရိသတ်တွေက လက်ခံအားပေးကြပါတာတွေ့ရလို့ အရမ်းပီတိ ဖြစ်ရပါတယ်။ ရှေ့ ဆက်ပြီး အနုကညာလောကမှာ သီချင်းဆိုဖို့နဲ့ သရုပ်ဆောင် နှစ်မျိုးလုံးလုပ်ကိုင်သွားဖို့ဆိုတာ ချိန်ရအုံး မှာပါ။ အရင်ကတည်းက ကိုယ်ကသရုပ်ဆောင် အလုပ်လုပ်လာခဲ့တဲ့သူဆိုတော့ နှစ်မျိုးလုံးလုပ်ဖို့ ကျတော့ ပိုပြီးတာဝန်ကြီးတယ်လို့ အစ်မအနေနဲ့ ထင်ပါတယ်။’လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်