Monday, December 09, 2013

တောင်ကြီးမြို့၌ နေအိမ်တစ်လုံးတွင် ဗုံးပေါက်ကွဲမှုဖြစ် လူတစ်ဦးဒဏ်ရာရ

Posted by drmyochit Monday, December 09, 2013, under | No comments


ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ မြောက်ကျောင်းလမ်း၊ အုတ်ဖိုလမ်းဆုံရှိ အိမ်အမှတ် (၁၈၈)၊ ဦးဟာဂျီယူစွတ်(ခ)ဦးမြင့်အောင်(၄၈)နှစ်၏ နေအိမ်တွင် ဒီဇင်ဘာလ(၈)ရက်ည (၁၀း၄၀) နာရီတွင် ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ သိရှိရသည်။

ဖြစ်စဉ်မှာ အိမ်ရှင်၊ ဦးဟာဂျီယူစွတ်(ခ)ဦးမြင့်အောင်သည် ယင်းနေ့ညက နေအိမ်အပေါ်ထပ်မှ အောက်ထပ်သို့ အဆင်းလှေကား အုတ်ခုံပေါ်တွင် (လက်လုပ်ဗုံးဟုယူဆရသော) အရာတစ်ခုကိုနှင်းမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု တောင်ကြီးမြို့နယ်မြေခံသတင်းတပ်ဖွဲထံမှ သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဦးဟာဂျီယူစွတ်(ခ)ဦးမြင့်အောင်မှာ ၀ဲဘက်ခြေထောက် ခြေချင်းဝတ်ပြတ်၊ ၀ဲဘက်လက်မနှင့် လက်ညိုးပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး တောင်ကြီးမြို့စ၀်စံထွန်းဆေးရုံ အရိုးကုသဆောင် အခန်း(၃)တွင် ဆေးကုသမှုခံယူနေရကြောင်း လူနားအား သွားရောက်ကြည့်ရှူခဲ့သူ မသီတာက ပြောသည်။

" ဖြစ်စဉ်နှင့်ပတ်သက်ပြီး အိမ်ကမိသားစုဝင်(၄)ယောက်နဲ့အလုပ်သမား(၆)ယောက် စုစုပေါင်း(၁၀)  ယောက်ကို တောင်ကြီးမြို့မရဲစခန်းမှာခေါ်ယူစစ်ဆေးပါတယ်။ ပြည်နယ်ရဲမှူးနဲ့အဖွဲ့ကလည်း လာရောက် ကြည့်ရှုစစ်ဆေးပြီးသွားပါပြီး။"ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဦးဟာဂျီယူစွတ်(ခ)ဦးမြင့်အောင်သည်  ရှမ်းပြည်နယ်၏ ဆိတ်အမဲကန်ထရိုက်လုပ်ကိုင်သူတစ်ဦးဖြစ်သည်ဟုသိရှိရပြီး ယခုဖြစ် စဉ်နှင့်ပတ်သက်၍ တောင်ကြီးအမှတ်(၁) မြို့မရဲစခန်းမှ ဒုရဲမှူး စခန်းမှူး ဥာဏ်လှိုင်ဦးက ပ နံပါတ် ၃၁၃ /၂၀၁၃ ပေါက်ကွဲ ၅ ဖြင့် တရားလိုပြုအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


BY ဧပြီ-ရှမ်းပြည်နယ် (မြစ်မခ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်