Monday, December 09, 2013

ရေချိုးနေတဲ့ အမျိုးသမီးရဲ့ ပန်းချီကားတွေ ဝင်းခိုင် တစ်ကိုယ်တော်ပြ

Posted by drmyochit Monday, December 09, 2013, under | No comments


ပန်းချီကားတွေ ပြသတဲ့အပေါ် မြန်မာအစိုးရက ထိန်းချုပ်မှုတွေ ဖယ်ရှားပြီး တဲ့နောက်မှာတော့ လွတ်လပ် တဲ့ အနုပညာတွေကို တင်ပြတဲ့ ပန်းချီဝင်းခိုင်ရဲ့ တစ်ကိုယ်တော်ပြပွဲကို ဒီဇင်ဘာ ၆ရက်နေ့မှာ နှစ်ရက်ကြာ ပြသနေပါတယ်။

ရေချိုးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ သဘာဝအလှတွေကို ရေးခြယ်ထား တဲ့ ပန်းချီကား ၂၇ကားနဲ့အတူ အခြား အကြောင်းအရာတွေ တင်ပြတဲ့ကား ၁၄ ကားကို ပန်တျာလမ်းက Trish Gallery မှာ ပြသနေ ပါတယ်။

ပန်းချီဆရာ တင်အောင်ထိုက်၊ ရဲမြင့်(ရှေ့သို့)၊ ကျော်ရှိန်း၊ လှသိန်းအောင်၊ မြင့်ဆွေလှိုင်၊ စောတင့်ဝေ၊ ခင်မောင်သန်းဦး၊ ဖိုးစန်း၊ မျိုးမြတ်မင်း၊ သက်နိုင်စိုး၊ အောင်ဇော်မိုး၊ မြခိုင်တို့ စုစည်းပြီး ရေဆေးပန်းချီကား ၁၂ဝကိုလည်း မြန်မာ့ဂုဏ်ရည်လမ်းက AMT ပြခန်းမှာ ပြသထားပါတယ်။

ရေဆေးပန်းချီကားတွေ သီးသန့်ကို ပန်းချီဆရာ ၁၂ယောက်ရဲ့လက်ရာတွေနဲ့ စုစည်းထားပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ အထိ ပြသသွားမှာဖြစ်တယ်လို့ ဆိုပါ တယ်။

ဒီမှာ ဗီဒီယိုဖိုင် ကြည့်လို့ရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်