Monday, December 09, 2013

ကမ္ဘာ့အဆိပ်ပြင်းဆုံး မြွေ၏ဥများကို ကြက်ဥနှင့် မှားယွင်းစုဆောင်းသည့် ကလေး ကံကောင်း၍ အသက်မသေ

Posted by drmyochit Monday, December 09, 2013, under | No comments



သြစတြေးလျနိုင်ငံမှ အသက်သုံးနှစ်အရွယ်ရှိ ကလေးတစ်ဦးသည် ကမ္ဘာ့အဆိပ်ပြင်းဆုံး မြွေစာရင်းဝင် အီစတန် ဘရောင်းမြွေဥများကို ၄င်း၏ အိပ်ခန်းတွင်း ယူဆောင် သိမ်းဆည်းထားခဲ့ရာ ကံကောင်းထော က်မ၍ မြွေအန္တရာယ်မှ ကင်းလွတ်ခဲ့ကြောင်း APသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ ကွင်းစ်လန်းပြည်နယ်၊တောင်းစ် ဗယ်လီမြို့မှ ကိုင်လီအမည်ရှိ အဆိုပါကလေးငယ်သည် မြွေဥများကို ၄င်း၏အိပ်ခန်းတွင်း သိမ်းဆည်း ထားခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ၄င်း၏မိခင်ဖြစ်သူက သတိပြုမိခဲ့သဖြင့် အသက်မသေ ခဲ့ခြင်းဖြစ်ကြောင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။ သိမ်းဆည်းထားသည့် မြွေများအနက် အခိျု့မှာ အကောင်များပေါက်လာပြီဖြစ်သည်။အီစတန်ဘရောင်းမြွေသည် သြစတြေးလျနိုင်ငံရှိ ကမ္ဘာ့အဆိပ်ပြင်းဆုံးမြွေ ၁၀ မျိုးစာရင်းဝင် မြွေတစ်မျိုးဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်