Monday, December 09, 2013

စနိုဒင်အား ရုရှားသို့ ခိုလှုံခွင့်ရရန် ကူညီပေးသူအကြောင်း မေလ်း အွန်လိုင်းတွင် ဖော်ပြ

Posted by drmyochit Monday, December 09, 2013, under | No comments



ဘာလင် ၊ ဒီဇင်ဘာ ၈ ။ ။ ဒီဇင်ဘာ ၈ရက် မေးလ်အွန်လိုင်း ဝက်ဘ် ဆိုက်မှ အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ ကန်ထရိုက် တာဟောင်း စနိုဒင်အား ရုရှား တွင် နိုင်ငံရေးခိုလှုံခွင့်ရသည်အ ထိ လိုက်ပါကူညီခဲ့သူ အကြောင်း ကို ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ၏ လျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်ကို ဖော်ထုတ်ခဲ့ပြီးနောက် ထွက်ပြေး တိမ်းရှောင်ခဲ့သော စနိုဒင်ကို ရုရှားနိုင်ငံသို့ ရောက်အောင်ပို့ ဆောင်ပေးခဲ့သူမှာ ဝီကီလိစ်ဂျာ နယ်လစ်တစ်ဦးဖြစ် သူ မစ္စဆာ ရာ ဟာရစ်ဆန်ဖြစ်သည်ဟု သိရ သည်။

အသက်၃၁နှစ်အရွယ်ရှိ ပြီး ဝီကီလိစ်ပိုင်ရှင် ဂျူလီယန် အက်ဆန့်ခ်ျ၏ ချစ်သူဟောင်း အဖြစ် သတင်းထွက်ပေါ်ခဲ့သော မစ္စဟာရစ်ဆန်သည် စနိုဒင်ကို ဟောင်ကောင်၌ သွားရောက်တွေ့ ဆုံခဲ့ပြီး အီကွေဒေါနှင့် မော်စကို ခရီးစဉ်များကို အတူတကွခရီး ဆက်ခဲ့သည်ဟု သိရသည်။

ရုရှားသို့ရောက်ရှိချိန်တွင် အမေရိကန်က စနိုဒင်၏ ပတ်စ် ပို့စ်ကို တရားမဝင်ရုပ်သိမ်းခဲ့ပြီး မစ္စဟာရစ်ဆန်သည် စနိုဒင်၏ နိုင်ငံရေးခိုလှုံခွင့်အတွက် နိုင်ငံ ပေါင်း ၂၁နိုင်ငံသို့ နိုင်ငံရေးခိုလှုံ ခွင့်လျှောက်ထားပေးခဲ့သည်ဟု သိရသည်။ နိုင်ငံရေးခိုလှုံခွင့်ရရှိ ရန် မျှော်လင့်ထားခြင်းမရှိဘဲ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး နိုင်ငံ တကာအစိုးရများ၏ တုံ့ပြန်မှုကို စမ်းသပ်ချက်တစ်ခုအဖြစ် ဆောင် ရွက်ခဲ့ခြင်းဖြစ်ကာ နိုင်ငံအနည်း ငယ်သာ စနိုဒင်ဘက်မှ ရပ်တည်ခဲ့သည် ဟု မစ္စဟာရစ်ဆန်က ဆိုသည်။

ထို့နောက် စနိုဒင်နှင့် မစ္စ ဟာရစ်ဆန်တို့သည် ရုရှားလေ ဆိပ်တွင် ရက်ပေါင်းလေးဆယ် ခန့် ဘာကာနှင့်ပီဇာများစားကာ ရုရှားနိုင်ငံက ခိုလှုံခွင့်ပေးခဲ့သည် အထိ နေထိုင်ခဲ့ရကြောင်းနှင့် ၎င်းတို့ လေဆိပ်၌ပိတ်မိနေစဉ် အင်တာနက် အဆက်အသွယ် ရရှိခဲ့ပြီး ၎င်းတို့နှင့်ဆက်စပ်ဖြစ် ပေါ်လာသော သတင်းများကို စောင့်ကြည့်ခဲ့ ရကြောင်း ပြော ကြားခဲ့သည်ဟု သိရသည်။

ဇွန်လ တွင် ဟောင်ကောင်မှ ရုရှားသို့ ခရီးစဉ်ပြီးနောက် ပထမဆုံးအ ကြိမ်ပြုလုပ်ခဲ့သော အင်တာဗျူး တွင် မစ္စဟာရစ်ဆန်သည် မိမိအ နေဖြင့် အမေရိကန်နှင့်ဗြိတိန်မှ အလိုရှိနေသူတစ်ဦးဖြစ်ကြောင်း ဟာသနှော ကာပြောဆိုခဲ့ပြီး ယခု အခါတွင် ဂျာမနီရှိ ဘာလင် တွင် နေထိုင်နေကြောင်း သိရှိရသည်။

မစ္စဟာရစ်ဆန်သည် စနို ဒင်အား ကူညီခဲ့သည့်အတွက် ရင် ဆိုင်ရမည့်ပြဿနာများကို ကြို တင်သိသည့်တိုင် ယခုလုပ်ဆောင် ခဲ့သည့်အတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မေးလ် အွန်လိုင်းဝက်ဘ်ဆိုက်တွင် ရေးသား ဖော်ပြထားသည်။

Ref: Mail Online
Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်