Monday, December 09, 2013

ထိုင်းပြည်သူ့ လွှတ်တော်ဖျက်သိမ်း

Posted by drmyochit Monday, December 09, 2013, under | No comments

ပြည်သူ့ လွှတ်တော်ဖျက်သိမ်းလိုက်ကြောင်း ထိုင်း ၀န်ကြီးချုပ် ထပ်စင်ချင်န၀ပ် (9/12/2013) ထိုင်းစံတော် ချိန် နံနက် 9 နာရီနီးပါးအချိန်မှာ ကြေညာ လိုက်ပါတယ်။ ထိုင်းလွှတ်တော်သက်တမ်း 4 နှစ်မှာ ယင့်လတ်ခ် အစိုးရဟာ 2 နှစ်နဲ့  5 လလောက် သာ အစိုးရအဖြစ် ထမ်းဆောင်နိုင်ခဲ့ တာဖြစ် ပါတယ်။ အခုလို လွှတ်တော်ဖျက်သိမ်းဖို့ ကြေညာခဲ့ ရတာကတော့ လွှတ်တော်ထဲမှာ အဓိက အတိုက်အခံဖြစ်တဲ့ ဒီမိုကရက်ပါတီလွှတ်တော်အမတ် 153 ဦးလွှတ်တော် အမတ်အဖြစ်က နှုတ်ထွက်လိုက်တာကတစ်ကြောင်း အစိုးရကို ဆန့် ကျင်ဆန္ဒပြနေတာကလည်း လနဲ့ ချီကြာမြင့်ဆန္ဒပြနေသလို ဆန္ဒပြပွဲတွေကို ရုတ်သိမ်းမယ့်အနေအထားမရှိပဲ ဖိအားပေးဆန္ဒပြနေတာကြောင့် ပြည်သူတွေကို အာဏာပြန်အပ်လိုက်တဲ့သဘောနဲ့  လွှတ်တော်ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

ယင့်လတ်ခ် အစိုးရကိုဆန္ဒပြနေတဲ့သူတွေကတော့ ယင့်လတ်အစိုးရက ကြားဖြတ်အစိုးရအဖြစ်လုပ်ဆောင်နေတာကိုလည်း အပြီးနှုတ်ထွက်ပေးရမယ်။ ပြည်သူကိုယ်စားပြုလွှတ်တော်(ပြည်သူ့ ကောင်စီ) ဖွဲ့ စည်းဖို့ ကိုပဲ တောင်းဆိုနေတုန်းဖြစ်ပါတယ်။ ပြည်ပမှာ တိန်းရှောင်နေရတဲ့ ၀န်ကြီးချုပ်ဟောင်း ထပ်စင် ချင်န၀ပ်ရဲ့  မျိုးရိုးတွေ နိုင်ငံရေးကနေ လုံးဝဖယ်ရှားပေးရမယ်လို့ တောင်းဆိုနေပါတယ်၊

လက်ရှိဖွဲ့ စည်းပုံအရ 45 ရက်အတွက် ရွေးကောက်ပွဲ အသစ်ပြန်လုပ်ရမှာဖြစ်ပါတယ်။ လက်ရှိလူထုထောက်ခံမှုအရပြောရမယ်ဆိုရင် ယင့်လတ်ခ် ချင်န၀ပ် ပါတီဖြစ်တဲ့ ဖုယာထိုင်းပါတီ(ထိုင်း အတွက်ပါတီ) ကပဲ မဲအများစုရမယ့် အနေအထားဖြစ်ပါတယ်။ ဖုယာထိုင်း ပါတီက အနိုင်ရပြီး အစိုးရထပ်လုပ်မယ်ဆိုရင် လက်ရှိဆန္ဒသူတွေက ဆက်လက်ပြီး ဆန့် ကျင် ဆန္ဒကြဦးမှာဖြစ်တယ်၊ အကြောင်းပြချက်က တိုင်းပြည်ငွေအလွဲသုံးစားမှုနဲ့ ထောင်ဒဏ် 2 နှစ် အပြစ်ပေးခံထားရလို့ ပြည်ပမှာ တိန်းရှောင်နေရတဲ့ ၀န်ကြီးချုပ်ဟောင်း ထပ်စင် ချင်န၀ပ် ကြောင့် တိုင်းပြည်အတွင်းမှာစိတ်ဝမ်းကွဲမှုတွေဖြစ်ခဲ့ရတယ်။ မိသားစုကိုယ်ကျိုးစီပွားရှားအကြီးအကျယ်ရှိခဲ့တယ်။ ထပ်စင် ချင်န၀ပ် မျိုးရိုးတွေ နိုင်ငံရေးကနေ လုံးဝဖယ်ရှားရမယ်လို လို့ တောင်းဆိုနေတာကြောင့်ဖြစ်ပါတယ်။

တခါလက်ရှိအတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီက အနိုင်ရပြီး အစိုးရဖွဲ့ ဆိုရင် ထပ်စင် ချင်န၀ပ်ကို ထောက်ခံတဲ့ ရှပ်နီတွေက ဆန့် ကျင်ဆန္ဒပြကြမှာဖြစ်ပါတယ်။ ရှပ်နီတွေရဲ့ အကြောင်းပြချက်ကတော့ လွန်ခဲ့တဲ့ 3 နှစ်က ရှပ်နီတွေဆန္ဒပြတာကို အင်အားသုံးပြီဖြိုခွင်းခဲ့ရာမှာ လူပေါင်း 100 နီးပါးသေဆုံးပြီး 2500 လောက်ဒဏ်ရာရခဲ့တယ်တယ်။ ဒီလိုသွေးစွန်းတဲ့လက်တွေကို အစိုးရလုပ်ခွင့်မပြုနိုင်ဘူးလို့ ပြောဆိုမှုရှိနေပါတယ်။
ဒီလိုနိုင်ငံရေးတင်းမာမှုတွေအပေါ် ပညာရှင်တွေရဲ့ ထောက်ပြချက်တွေ အမျိုးမျိုးရှိနေပါတယ်။

တချို့ ပညာရှင်တွေ တင်ပြတာကတော့ လွှတ်တော်ဖျက်သိမ်းလိုက်ပြီးနောက် ရွေးကောက်ပွဲ မဲဆွယ်တဲ့အခါ ထိုင်းနိုင်ငံရေးမှာ ဘာတွေပြုပြင်ချင်သလဲ ဖွဲ့ စည်းပုံကို ဘာတွေပြင်ချင်သလဲဆိုတာ ကို တိုင်းပြည်အကျိုးကိုရှေ့ ရှူပြီး အတိအကျပြောကြားပြီးမဲစွယ်ပါ၊ လွှတ်တော်အမတ်အများဆုံး ရတဲ့ ပါတီက မဲစွယ်ထားတဲ့အတိုင်း ပြင်ပို့ တိုက်တွန်းပါတယ်။

တချို့ ပညာရှင်တွေတင်ပြတာက လာမယ့်ရွေးကောက်ပွဲဟာ ဖွဲ့ စည်းပုံ ပြင်ရေးအတွက် အဓိကဖြစ်တယ်၊ ဖွဲ့ စည်းပုံပြင်ဆင်ရေးဆွဲရေး ကိုယ်စားလှယ်ရွေးချယ်ရေးအတွက် အဓိကလုပ်ဆောင်ရမယ်။ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မယ့် ဖွဲ့ စည်းပုံဖြစ်လာရေးဆွဲရမယ်။ ဒီတော့မှာ နိုင်ငံရေးတည်ငြိမ်မယ်လို့ ပြောနေပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံရေးရှေ့ အလားအလာကတော့ ဘယ်ကိုဦးတည်သွားမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဘီဘီစီ ၀င်းမြင့် BBC Winmit's

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်